အိမ်ပြန်ရောက်တော့ ကျွန်တော် တကိုယ်လုံးလေး လာတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အိပ်လိုက်တယ်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိဘူး။ ဖုန်းခေါ်သံကြောင့် လန့်နိုးလာတယ်။
ဖုန်းရဲ့ မီးအလင်းရောင်က လွဲရင် တခန်းလုံးမှောင်အတိ။
"ဟယ်လို"
ဘယ်သူဆက်လဲဆိုတာ ကျွန်တော် မကြည့်မိပါဘူး။ အဓိက ဖုန်းသံဆူဆူကို အမြန်တိတ်သွားအောင်ကိုင်လိုက်ဖို့ပဲမလား။
"ထမင်း စားပြီးပြီလား"
" မစားရသေးဘူး...ခုဆက်တာဘယ်သူလဲ"
"လခွီးပဲ... ငါ့အသံကိုတောင် မမှတ်မိဘူး.."
" အာ... ကိုပိုင်'
အိပ်ချင်မူးတူးဖြစ်နေတာရယ် ကိုပိုင် က ဖုန်းခေါ်တာ မရှိသလောက်ကြောင့်ရယ် အသံက ဖမ်းမရဘူး။
" နေကောင်းရဲ့လား... အခု ည ၇ နာရီတောင်ခွဲပြီ"
သူပြောမှပဲ ခေါင်းတွေကိုက်လာသလိုလို။
"ခေါင်းတော့ကိုက်တယ်"
" အိမ်လာခဲ့ ထမင်းလာစား"
" ဟုတ်"
စကားခပ်တိုတိုပဲပြောပြီး ဖုန်းကို ချသွားတယ်။
ကိုပိုင် ရဲ့ အမူအကျင့်လေးတွေက ယောကျာ်းစစ်စစ်တယောက်ဆိုတာ ထက်ပိုတာ ငြင်းမရဘူး။
အိပ်ယာထပြီး ချွေးတွေစိုနေပေမယ့်လည်း ရေထပ်မချိုးတော့ဘဲ ဒီတိုင်းထထွက်ခဲ့လိုက်တယ်။
ဟိုဖက်အိမ်ရောက်တော့ ကိုပိုင်က ဖုန်းပွတ်နေတယ်။
"အာကာရော?"
" အရမ်းကိုသတိရနေတာလား"
" မတွေ့လို့ မေးတာကို"
" သူ့သူငယ်ချင်း လာခေါ်သွားတယ် ... "
ကိုပိုင် က ကျွန်တော့် နောက်ကနေ လာသိုင်းဖက်ပြီး လည်ပင်းကို သူ့မေးစေ့နဲ့လာပွတ်တယ်။
" ရေမချိုးရသေးဘူးမလား..."
အိပ်ယာထခါစ ချွေးနံ့တွေကို ကိုပိုင်ရသွားလို့များလား..။ ကျွန်တော် ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်မိတယ်၊