ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၁)
Unicode
တိမ်ညိုတွေ အုံ့မှိုင်းနေကာ သည်းကြီးမည်းကြီးရွာနေသောမိုးအောက် ထီးအနက်ရောင်ကိုယ်စီနှင့်လူများမှာ ခြံကြီးထဲတွင်အပြည့် စံအိမ်ကြီးရဲ့အလယ်တွင် အိပ်ပျော်နေသယောင် အမျိုးသမီး၏ ရုပ်အလောင်းတစ်ခု။ဤအမျိုးသမီးသည် စံအိမ်ကြီးရဲ့ သခင်မကြီးဖြစ်လေတကား။
"ဒါညည်းကြောင့်ဖြစ်ရတာ လရောင်မှိုင်း နင်ဟာ ဂြိုဟ်ဆိုးမပဲ နင့်ကြောင့် ငါတို့အမေသေရတာ"
"တော်ပါတော့ အကိုရယ် ကလေးကိုမဆူပါနဲ့"
စံအိမ်ရဲ့ ပဲ့ကိုင်ရှင် အကြီးဆုံးသမီးဖြစ်သူ ဒေါ်မြသွယ်သွယ်စိုးမှ ယောင်္ကျားဖြစ်သူအား ဝင်ရောက်ဟန့်တားလေသော်လည်း အချည်းနှီးသာ။"မတော်နိုင်ဘူး သွယ် ဒီဟာမလေးက မွေးလာထဲက ကံဆိုးခြင်းတွေသိမ်းပိုက်ပြီးမွေးလာတာ အခုအမေလဲဆုံးပြီ အမွေခွဲပြီး သက်သက်စီပဲနေကြရအောင် ဒီဟာမနဲ့ဆက်နေရင် ကံဆိုးခြင်းတွေ ငါတို့ဆီပါ ရောက်လာလိမ့်မယ်"
လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးပြောနေသူ ဦးလေးရှေ့မှောက် အဖြူရောင်ဂါဝန်လေးနဲ့အတူ ကျုံ့ကျုံ့လေးထိုင်နေသူက ၈နှစ်အရွယ် မိန်းကလေးတစ်ယောက်သာ။
"လရောင်မဟုတ်ဘူး အဟင့် အင့် လရောင်လုပ်တာမဟုတ်ဘူး မတော်တဆဖြစ်သွားတာ လရောင်ကြောင့်လို့မပြောပါနဲ့ အီးးးးးအဟင့်အဖွား အဖွားက လရောင်ကြောင့်ဆုံးသွားတာ မဟုတ်ဘူးမလား"
ခြေတွေလက်တွေတုန်ကာ ငိုနေသောကလေးမလေးမှာ အားကိုးရမည့်သူမရှိသလို ကာကွယ်ပေးနေကြ အဖွားရှိရာ ရုပ်အလောင်းနားသို့ပဲ တိုးကပ်သွားနေမိသည်။"မကပ်နဲ့! အမေ့နားကို နင်ကပ်စရာမလိုဘူး ဝေးဝေးသွားစမ်း လရောင်မှိုင်း"
အဒေါ်အရင်းဖြစ်သူ မြသင်္ဂီစိုးကပါ ထပ်မံပြောဆိုပါလျှင်"တော်ကြတော့ ဒါက မတော်တဆတစ်ခုပဲ ဘာမှနားမလည်တဲ့ ကလေးကို ဘာလို့အဲ့လောက်ပြောဆိုနေတာလဲ"
"မမ..."
"ပါးစပ်ပိတ်ထား သိင်္ဂီ ငါထပ်မကြားချင်ဘူး"
YOU ARE READING
Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာ
Romanceအချစ်က လူကိုပူလောင်စေတာလား ကိုယ်ရွေးချယ်လိုက်တဲ့ သူကကိုယ့်ကိုပူလောင်စေတာလား...?