Red Ribbon (Part-4) U&Z

37 1 0
                                    

Unicode

ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၄)

မင်းခန့်နဲ့ လရောင်ရဲ့ ဆက်ဆံရေးက ကစားကွင်းက ပြန်လာပြီးထဲက တစ်ဖန်အေးစက်သွားခဲ့သည်။မင်းခန့်အနေနှင့်လဲ စိတ်ညစ်နေသည်မို့ ဘာမှမပြောချင်ပါ။အခုဆို နှစ်ပတ်တောင်ရှိသွားပြီ လရောင်ကလဲ လာမခေါ်သလို သူကလဲ သွားမခေါ်ဖြစ်ပါ။

"ဟဲ့ မင်းခန့်"
တိတ်ဆိတ်နေသည့် မင်းခန့်အား ဟင်္သာခေါ်လိုက်သည်။ကစားကွင်းက ပြန်လာပြီးထဲက မင်းခန့်နဲ့ လရောင်က တစ်ယောက်ကိုတစ်ယောက်ရှောင်နေကြရာ စကားလဲမပြောကြ မေ့ကို မေးကြည့်ပင်မဲ့ မေကလဲ လရောင်က မင်းခန်းနည်းတူပဲဟုပြောသည်။

"ခန့်.."
ဟင်္သာစကားပြောရန် ကြံရွယ်လိုက်ပင်မဲ့ အ‌ခန်းပေါက်မှ ဆရာကြီးသမီး ဧကရီကြောင့် မျက်မှောင်ကြုံ့လိုက်ပင်မဲ့ ဘေးကဆရာသမားလေးကတော့ ကိုယ်ခေါ်နေတုန်း‌ကတော့ အဖက်မလုပ်ပဲ အဲ့ဟာမခေါ်တော့ ထထွက်သွားလေသည်။

"ခန့်...ညနေ အတူတူပြန်ရအောင် အဖွားတို့နဲ့တွေ့ချင်လို့" မင်းခန့်လက်မောင်းအား ဖက်ကာပြောနေသည့် ဧကရီကို မင်းခန့်ကလဲ မငြင်းပယ်ပဲ ထိုပုံစံအတိုင်းသာ "အင်း"ဟူ၍ ထွက်သွားကြသည်။

လရောင်ကို လှမ်းကြည့်တော့လဲ မျက်နှာကိုတစ်ဖက်လှည့်ထားသည်မို့ မေနဲ့ပဲ အချိတ်အဆက်လုပ်ကာ စားသောက်ဆိုင်ခေါ်လာရန် အချက်ပြလိုက်သည်။

"လာကြပြီ ကျွန်မက ရှင်တို့ကို မလာတော့ဘူးတောင်ထင်‌နေတာ"

"ငါက လာချင်ပါတယ် လရောင်က အင်တင်တင်လုပ်နေလို့ တစ်ရွတ်တိုက်ခေါ်လာရတာ"

"ကယ် မိလရောင်ရေ ခနလေးထိုင်ပါအုံး ညည်းကြည့်ရတာလဲ လင်ပူမိနေသလိုပဲ မျက်နှာကြီးက မှိုင်လို့"

"အေး ဟုတ်တယ်လရောင် ဘာဖြစ်နေတာလဲ ငါတို့ကိုလဲ ပြောပြပါအုံး ငါတို့က နင့်သူငယ်ချင်း မဟုတ်သလိုပဲ ရင်ဖွင့်လိုရပါတယ်"

"ဟုတ်တယ် မင်းခန့်က ညည်းနဲ့အတူသွားချင်လို့တောင် ငါတို့ကိုတမင်မလိုက်ခိုင်းခဲ့တာ အဲ့မှာဘာတွေဖြစ်ကြလို့လဲ"

ဟင်္သာစကားကြောင့် လရောင်အနည်းငယ်တော့ အံ့ဩသွားရသည်။လရောင်အတွက် သီးသန့်ဖြစ်တည်မှုဆိုရင်တောင် ပိုင်ဆိုင်သူရှိတဲ့သူကို လရောင် ရင်ခုန်သံမမှားချင်ပါ။

Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာWhere stories live. Discover now