Episode-20/အရူးလေးတစ်ယောက်လို/အရူးလေးတစ်ယောက်လို

9 1 0
                                    

သူဘာလို့ ဒီအခန်းမှာ နေချင်ရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို စုန့်ယန်ရှန်း ကောင်းကောင်းသိတာမို့ ပြောလိုက်တယ်။

''လီဟော့...မင်းငါ့ကိုတစ်ခုခု မေးစရာရှိနေတာ သိတယ်။ဒါပေမဲ့ ဒီညတော့ မရဘူး။နောက်နေ့...နောက်နေ့ကျ ငါသေချာပေါက် ပြောပြမယ်ကွာ။ဒီညတော့ ငါအရမ်းပင်ပန်းနေပြီ ဟုတ်ပြီလား...''

ဤသို့ဆိုတော့လည်း လက်ကလေးသုံးချောင်း ခေါင်းအထက်ထိ ပြူးပြူးပျာပျာ ထောင်ပြပြန်ပါတယ်။

''ကျိန်ဆို ကျိန်ရဲတယ် ကိုကို။ငါ့မှာသိချင်တာတွေ တကယ်အများကြီးရှိပေမဲ့ ကိုကို့သဘောအတိုင်းပါဘဲ...ငါဒီည ကိုကို့ ကို ဘာဆိုဘာမှမေးမှာ မဟုတ်ဘူး။ငါက ဒီအတိုင်း..."

"ဒီအတိုင်း ဘာလဲ..."

"ဒီအတိုင်း ကိုကိုနဲ့အချိန်တွေ အကြာကြီး ခွဲထားရတော့ အလွမ်းပြေ အတူတူ အိပ်ချင်ရုံပါ။ကိုကို...မင်းသိရဲ့လား...ဒီနှစ်တွေမှာ ငါမင်းကိုဘယ်လောက်တောင် လွမ်းနေခဲ့ရလဲဆိုတာ။နှလုံးသားတောင် ရင်ဘက်ထဲမှာတင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ ခံစားခဲ့ရတာ...''

နဂိုကတည်းက စကားတက်လွန်းတာ သိပေမဲ့ မျက်လုံးထဲမှာ သူ့ပုံရိပ်က ပန်းရောင်လွှမ်းပြီး နှလုံးသားတောင် မူမမှန် လှုပ်ရှားသွားရပါတယ်။

တကယ်တော့ သူ့အပေါ်မှာသာဆို ကဗျာဆရာလေးကဲ့သို့ ဖွဲ့နွဲ့နေတက်တဲ့ နှလုံးသားလေးတစ်ခု ဒီကောင်လေးမှာ ရှိနေခဲ့တယ်ဆိုတာ အစောကတည်းက သူကောင်းကောင်းသိနေခဲ့ပြီးသားဘဲ။ဒါပေမဲ့လည်း သူရုတ်တရက် ဒီလိုဖွင့်ဟလိုက်တိုင်း ရင်ဘက်ပေါ်မှာ ဧရာမကျောက်တုံးကြီးတစ်တုံး ဖိထားလိုက်ရတော့မလို နှလုံးသားက ဂနာမငြိမ် ဖြစ်လာတက်တာကတော့ သူ့ဒုက္ခဘဲပေါ့။

သူပြောလိုက်တယ်။

''ကောင်စုတ်လေး ဘယ်နှစ်ခါ ပြောရမှာလဲ။အဲ့လို လူရှုပ်လူပွေ စကားတွေနဲ့ ငါ့ကို လာလာရှုပ်ဖို့ရာ''

နှဖူးလေးကို ခပ်စပ်စပ်ခေါက်ပစ်ဖို့ လက်ရွယ်မိတော့ လက်ကလေးနှစ်ဖတ်လုံးကို မျက်နှာအရှေ့မှာ ကြက်ခြေခတ် ခုခံလိုက်တဲ့ ပုံစံလေး ကာထားလိုက်ရှာပါတယ်။တကယ်တမ်းကျလည်း ငကြောက်ကလေးရယ်။ဒီလိုပုံစံနဲ့ သူ့အရှေ့မှာ မကြာခနဆိုသလို ဒူးထောက်မပြရင်တောင် ဒီတစ်ကြိမ်တော့ သူက သူ့အတွက်ဘဲ ရှင်သန်သွားမှာပါဆို။

To Our Warm Little Place Where stories live. Discover now