Episode-41/ဒီငလူးလေး/ဒီငလူးေလး !

8 2 1
                                    

"ဟင်း...လူကောင်းတစ်ယောက် ဟုတ်ရဲ့လား ကိုကို!"

ပွမ်! ပွမ်!! ပွမ်!!!

ထေ့ရယ်လိုက်ပြီးမှ ပြောလိုက်တဲ့ သူ့ဟန်ပန်က လူကို ပိုပြီး ဒေါသဖြစ်စေတယ်။ဒါပေမဲ့ သူ့မှာ ဒေါသထွက်ဖို့ အခွင့်အရေး ဘယ်မှာ ရှိလိုက်လို့လဲ။လမ်းဘေးချ ကားရပ်လိုက်ပြီး ကားစီယာတိုင်ကိုဘဲ လက်သီးနဲ့ အဆက်မပြက် ထိုးလျှက် သူ့ဒေါသအရှိန်အဟုန်ကို ဖွင့်ဖောက်လိုက်တဲ့အခါ စုန့်ယန်ရှန်း မနေနိုင်တော့တာမို့ နားတွေကို လက်နှစ်ဖက်နဲ့ ဖိပိတ်လိုက်ရတဲ့အထိ။

တံခါးတွေကို အသေလော့ချထားခဲ့တာမို့ ဆင်းသွားလို့လည်း မရဘူး။စိတ်တိုတာမို့ စုန့်ယန်ရှန်း ကားမှန်ကိုသာ တံတောင်နဲ့ တွက်ချလိုက်တော့တယ်။

"အဲ့နေ့ညက ကိုကို ငါ့အတွက်သီချင်းဆိုပေးလို့ငါပျော်တယ်။ဒါပေမဲ့ သီချင်းဆိုနေတဲ့ မင်းမပျော်ဖူးဆိုတာ မင်းမျက်လုံးတွေထဲကနေ ငါသိလိုက်ရတယ်။မတော်တဆတစ်ခု ဖြစ်ခဲ့လို့ လူ‌တွေကို ကမ်မရာနဲ့ မှတ်တမ်းမတင်ဖို့ မင်းပြောတော့ မင်းသိရဲ့လား...ငါ့နှလုံးသားကို သံဆူးကြိုးနဲ့ ချည်နှောင်ခံလိုက်ရသလိုဘဲ..."

ခတ်ထန်တဲ့ မျက်နှာနဲ့ သူ့ခံစားချက်ကို ကြွေးကြော်တယ်။သူ့မျက်ဝန်းတွေထဲမှာ ကျိုးပဲ့ခါနီး မျက်ရည်တံတားတစ်စင်း ရှိတယ်။ဘယ်လောက် စိတ်ဆိုးပါစေ စုန့်ယန်ရှန်း ဒီတံတားတစ်စင်းကို ကျော်နိုင်တော့မှာ မဟုတ်ဘူး သေချာပါတယ်။သူ့ဒေါသကို တကယ်လည်း အရှိန်ကောင်းကောင်းနဲ့ လျော့သွားစေခဲ့တယ်လေ။

"မင်းမှာ ငါမသိတာတစ်ခုခု ဖြစ်ခဲ့တယ်။ငါအဲ့ဒါကို တွေးလိုက်မိတိုင်း ငါ့ကိုယ်ငါ သေသွားသင့်တဲ့အတိုင်း အပစ်တင်မိတယ်။ဒီလောကမှာ ကိုကို့ကို ငါထက်ပိုပြီး ပျော်ရွှင်စေချင်တဲ့သူများ ရှိရဲ့လား။အဲ့လိုလူကိုမှ မင်းသိပ်နိုင်စားတယ် ကိုကို။မင်းသိပ်နိုင်စားတယ်..."

သူပြောတာတွေက အမှန်တရားတွေပါဘဲ။ဘယ်တက်နိုင်မှာလဲ။ဒီကောင်လေးကို ပျော်ရွှင်မှုပေးနိုင်ဖို့ရာဆိုရင် ဒီတစ်ကြိမ် သူပြန်လာခဲ့တာကလည်း တကယ် နောက်ကျသားဘဲလေ။စုန့်ယန်ရှန်း မျက်လွှာကို ချကာဘဲ ပြောလိုက်မိတော့တယ်။

To Our Warm Little Place Where stories live. Discover now