Episode-21/အနူးညံ့ဆုံး ကပ်ဘေး/အႏူးညံ့ဆုံး ကပ္ေဘး

8 1 0
                                    

သူမနေ့ညက လီဟော့ရဲ့ ဘယ်ဘက်ရင်အုံပေါ်မှာဘဲ အိပ်ပျော်သွားခဲ့တာကို မှတ်မိတယ်။ဒီကောင်လေးက တကယ်ကို သူ့ရဲ့မှောက်ရက်အိပ်တက်တဲ့ အကျင့်နဲ့ ကောင်းကောင်းရန်ဖြစ်နိုင်တယ်။ငယ်ငယ်ကတည်းကနေ အခုထိနည်းနည်းမှ မပြောင်းလဲသေးတာများ အံ့သြဖို့တောင်ကောင်းပါတယ်။

သူ့ရက်ဘက်ပေါ်မှာ ညာဘက်ပါးပြင်ကို အပ်ထားရက် သက်သောင့်သက်သာ အိပ်စက်နေရာကနေ ထလိုက်ပြီး အိပ်မှုန်စုတ်ဖွား မျက်လုံးတွေကို အရင်ပွတ်သပ်လိုက်တယ်။ခေါင်းရင်းဘက် ခန်းဆီးလိုက်ကာကနေ အလင်းရောင်တောင် တော်တော်ဝင်နေပြီ။ကြည့်ရတာ အချိန်လည်း တော်တော်ရှိပြီ ထင်ပါတယ်။

သူ့အောက်မှ အခုထိ အသက်ရှုမှန်မှန်နဲ့ အိပ်စက်နေသေးတဲ့ ကောင်လေးကို ငုံ့ကြည့်လိုက်မိတယ်။

အဲ့ဒီအခိုက်အတန့်မှာပေါ့... မိုးနတ်မင်းကြီးရေ...
အရာရာက ပုံမှန်မဟုတ်ဘဲ နှေးကွေးသွားခဲ့သလိုမျိုးပါဘဲ။

သူအခုမြင်နေရတာက အဘယ်ကဲ့သို့သော ကောင်းချီးလေးများ ဖြစ်နိုင်မလဲ...

မျက်လုံးအပြည့် နေရာယူထားတဲ့ အိပ်စက်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မြင်ကွင်းက အင်မတန်မှ လှပရက်ပါတယ်။နို့နှစ်ရောင် တောက်ပနေတဲ့ အသားရည်ပေါ်မှာ ပီသထင်ရှားတဲ့ မဟူရာရောင် သူ့မျက်ခုံးတန်းတွေကို အေးချမ်းစွာ ခိုနားနေတဲ့ လိပ်ပြာတွေကဲ့သို့ ကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေက သိမ်မွေ့စေတယ်။ဖြောင့်စင်းမြင့်မားတဲ့ နှာတံနဲ့ သေသပ်တိပတဲ့ နီစွေးစွေးနှခမ်းသားတွေအထိ။

သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာဘဲ ကောင်လေးခန္ဓာကိုယ်ရဲ့ ဘယ်ညာမှာ လက်တွေကို ထောက်ထားလျှက် အုပ်မိုးထားမိပြီး၊ အပေါ်စီးကနေ တစိမ့်စိမ့် ကြည့်မဝနိုင်လောက်အောင် ကြည်လင်ရှင်းသန့်နေတဲ့ လှပမှုလေးကို ခံစားကာဘဲ နှခမ်းတွေကို သပ်တယ်။တံတွေးတောင်မျိုချမိသလား။မသိတော့ပါ။

ဒါသူအပစ်တော့ မဟုတ်ဘူးပေါ့။အစွန်းရောက် လှပမှုဆိုတာ ပစ်မှားမှုတိုင်းရဲ့ အဓိကအရင်းအမြစ်ဘဲ ဖြစ်တယ်လေ မဟုတ်ဘူးလား။

To Our Warm Little Place Where stories live. Discover now