At jaehyuk's Birthday party..
''wow... uri David kim လေးက အတော်လေး လူချစ်လူခင်ပေါတာပဲ၊ အေးလေ လူငယ်တေကြားထဲ ရေပန်းစားနေတဲ့ နံမေကြီး author David kim ပဲဟာကို......''
သူငယ်ချင်းတျောက်က junkyu ကို ပြောလိုက်ခြင်းပင်...
သူ့ကို ချီးကျူးတာမို့ junkyu က အပြုံးလေးတွေနဲ့ ပြန်ပြီးတုံ့ပြန်ရုံလောက်ပါပဲ....
သူငယ်ချင်းတွေဆုံတုန်းလေး တစ်ယောက်တစ်ပေါက် ဟိုပြောဒီပြောနဲ့...အဲ့ဒီ့ထဲမှာ junkyu ရဲ့စာအုပ်တွေအကြောင်း အရေးအသားတွေအကြောင်းက အများဆုံးပဲ...
ထိုအချိန်မှာပဲ jeongwoo က....
''သူငယ်ချင်းတို့ရေ...ငါကလေ junkyu ရဲ့ အခုအောင်မြင်နေတဲ့စာအုပ်တွေထက် ခုချိန်ထိမထွက်သေးတဲ့ ''ရေကူးချန်ပီယံလေးရဲ့ အချစ်ဇာတ်လမ်း''ကိုပဲ ဖတ်ချင်တာ..... ''
junkyu တော်တော် ဒေါသထွက်သွားတယ်. 'ဒီကောင် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ' အဲ့အကြောင်းတွေက သူပြန်မဖော်ချင်တဲ့ အတိတ်တွေလေ......
junkyu တစ်ယောက် လက်သီးသာ တင်းတင်းဆုတ်ထားဖြစ်သည်။ဘာမှတော့ ပြန်မပြောဖြစ်...
အကြောင်းစုံသိတဲ့ jaehyuk က စိတ်လျှော့ထားဆိုတဲ့ အကြည့်မျိုးနဲ့ junkyu ကို နှစ်သိမ့်ပေးနေလေရဲ့...ထိုအထဲရှိ သူငယ်ချင်းတျောက်ကလဲ
''ဟုတ်သားပဲ junkyu မင်းအဲ့ဝတ္ထုကို လွန်ခဲ့တဲ့၂နှစ်ထဲက စရေးခဲ့တာမလား ဘာလဲ ဆက်မရေးဖြစ်တော့တာလား?''
junkyu တျောက် ဘာမှ ပြန်မဖြေဖြစ်..
ထိုစဥ် jeongwoo က
''Yaah...Kim Junkyu.မင်းကလေ နံမေကြီး author တျောက်သာ ဖြစ်နေတာ နှစ်တွေကြာသွားတာတောင် မင်းက ပျော့ညံ့နေတုန်းပဲ''
''Park Jeongwoo မင်းငါ့ကို စိန်ခေါ်နေတာလား?''
''ငါပြောတာ မဟုတ်လို့လား...
မင်းသာ သတ္တိရှိရင် အဲ့ဝတ္ထုကိုဆက်ရေးလေ... ဘာလဲ မရေးရဲဘူးမလား...ခုချိန်ထိ ရေထဲဆင်းဖို့တောင်ကြောက်နေရတဲ့ ငကြောက်ကများ....''''ဒီမှာ Park Jeongwoo.
ခုချိန်မှာ ငါက အရင်ကလို ပျော့ညံ့တဲ့ kim junkyu မဟုတ်တော့ဘူး. အောင်မြင်နေတဲ့ David Kim ဖြစ်နေပြီ.
![](https://img.wattpad.com/cover/380151576-288-k920385.jpg)