junkyu တစ်ယောက် jeongwoo ရဲ့ စိန်ခေါ်မှုကြောင့် သူပြန်မစချင်တော့တဲ့ ပြန်မတွေးချင်တော့တဲ့အရာတွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ပြန်လည်ဖန်တီးဖို့ စတင်အကောင်အထည်ဖော်ခဲ့တယ်။
'' ဟယ်လို...sahi hyung, hyung အခုအားလားဟင် ကျနော် hyung နဲ့တွေ့ချင်လို့.....''
junkyu အသံက ချစ်စဖွယ်ကလေးလေးတစ်ယောက်ရဲ့ အသံလိုမျိုး...
junkyu ရဲ့ ကိုကိုဆုံးသွားပြီးကတည်းက ကို့ကို့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ sahi hyung ကိုပဲ သူတကယ် အားကိုးမိတယ်.ကိုကိုမရှိတော့ကတည်းက sahi hyung က kyu ရဲ့ အကိုအရင်းလိုပဲ. kyu တို့ သားအမိအတွက် အကုန် အစစအရာရာ ကူညီပေးခဲ့တယ်လေ..
အခုလဲ အစမဖော်ချင်ပါဘူးဆိုတဲ့ ဝတ္ထုကို ဆက်ရေးဖို့ ဆုံးဖြတ်လိုက်တော့ ရေးကူးသင်ဖို့ မဖြစ်မနေလိုအပ်လာတာမို့ sahi hyung ကိုပဲ အပူကပ်ရတော့သည်။
''ဘာဖြစ်လို့လဲ junkyu လေးရဲ့ .hyung ကို တွေ့ချင်တယ်ဆိုတော့ ဘာတွေအပူကပ်အုံးမလို့လဲ...''
hyung က အဲ့လိုပဲ.ကျနော်တောင် ဘာမှမပြောရသေးဘူး သူကတော့ ကျနော် တစ်ခုခုလိုချင်နေတာ သေချာပေါက်သိနေသလိုမျိုး...
''hyung နဲ့တွေ့ရင်ပြောပြမယ်လေ အခုလာတွေ့လို့ရလား hyung ကို..''
''ဟောဗျာ kyu လေးကလဲ ဇွတ်ကြီးပဲ.အဲ့လောက်တောင် တွေ့ချင်တယ်ဆိုလဲ hyung အိမ်ကိုသာ ကြွခဲ့ပါဗျာ...''
''ဟုတ် hyung''
.......................
''ဘာကိစ္စများလဲ kyu လေးရဲ့''
''ကျနော့်ကို ရေကူးသင်ပေးပါနော် hyung ''
''ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ kyu လေးရဲ့.ရေကူးသင်ဖို့မပြောနဲ့ ရေထဲဆင်းဖို့တောင် အရမ်းကြောက်တဲ့ ကလေးလေးက ဘယ်လိုဖြစ်ပြီး ရေကူးသင်ချင်လာရတာလဲ?''
''ကျနော် ရေထဲဆင်းရတာကြောက်တယ်ဆိုပေမဲ့ အခုက ကျနော် တကယ်လိုအပ်နေလို့...
ပီးတော့ ကျနော် တစ်ခါရေနစ်ဖူးကတည်းကနေ ခုချိန်ထိ အဲ့ဒါကြီးကို အတိတ်ဆိုးလို့ပဲ မှတ်ယူထားပေမဲ့...
ခုတော့ ကျနော် ရုန်းထွက်ချင်ပြီဗျာ...''
sahi hyung က ကျနော်ရေနစ်ဖူးပြီး ရေထဲဆင်းရတာကြောက်တာကိုပဲသိတာ...jeongwoo နဲ့ ပြဿနာကိုတော့ သူမသိထားပါဘူး....
YOU ARE READING
A Love Story of JiKyu 🐼🐨
FanfictionAuthor လေး kim junkyu နဲ့ ရေကူးချန်ပီယံလေး park jihoon တို့ရဲ့ love story လေးတစ်ပုဒ်ပါ.🐼🐨