"ဘာ!! မာမီ ဆေးရုံတင်ထားရလို့ ဘယ်ဆေးရုံမှာလဲအခုက"
"..."
"အေး ငါအခုချက်ချင်းလာခဲ့မယ်"
စီးပွါးရေး နယ်ပယ်မှာကြီးစိုးနေတဲ့ ဦးကျော်စွာရဲ့ တစ်ဦးတည်းသောသမီး "မှိုင်းညိုမောင်"တဲ့၊
ငယ်"လေးတည်းက မိဘတွေရဲ့ အလိုလိုက်ခြင်းကိုခံထားရတော့ တဇွတ်ထိုးနဲ့သူလုပ်ချင်တာကိုအမြဲလုပ်တတ်တဲ့သူပေါ့၊ မိဘတွေနဲ့နေရင် အမြဲပူညံပူညံပြောခံရတော့ အသက် ၂၀ ပြည့်ပြီးတည်းက ဖခင်ဖြစ်သူ ဝယ်ပေးထားတဲ့ ကွန်ဒို တိုက်ခန်းလေးမှာ တစ်ယောက်တည်း သူဝါသနာပါတဲ့ ပန်းချီဆွဲရင်းနေနေသည်။အခုလည်း ဆေးရုံရဲ့ကားပါကင်မှာ သူ့ပါကင်ထိုးမယ့်နေရာရှေ့မှာ ကန့်လန့်လာရပ်ထားတဲ့ကားကို မဖယ်ပေးလို့ဆိုပြီး တိုက်လိုက်ပြန်ပြီ။
"ဟုတ်ပြီ ကျွန််မရောက်နေပြီ ခနနေတက်လာခဲ့မယ်"
ဟုပြောပြီး ဖုန်းချလိုက်ကာ"ကဲ ကလေးမ တို့မှာ မင်းနဲ့စကားပြိုင်လုပြီးပြောဖို့
အချိန်မရှိဘူး ရော့ ဒါ တို့ကိုဆက်သွယ်ရမယ့်ကဒ်
တို့ကားအတွက် လျော်ကြေးပေးဖို့ စိတ်ကူးရှိရင် ဆက်လိုက်" ဟု ခတ်ပြတ်"ပြောကာ ထွက်သွားလေပြီ။သူ့ကို မာဆတ်"နဲ့ပြောသွားတာကို မကျေမနပ်ဖြစ်ကာသူပေးသွားတဲ့ကဒ်ကိုကြည့်ရင်း
"ဒေါ်မျိုးမမစံတဲ့ တောက်ခ် ဒီအဒေါ်ကြီး ငါနဲ့တွေ့ကြသေးတာပေါ့"အသက် ၄၀ကျော် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မျိုးမမစံ၊ ဆေးရုံမှာဆို အမြဲ တိတိကျကျလုပ်ပြီး လူနာတွေအပေါ် အလွန်သဘောထားကောင်းတဲ့ သူ၊ လက်အောက်ငယ်သားတွေကလည်း ဒေါက်တာမျိုးမမစံဆိုတာနဲ့ အမြဲ လေးစားပြီး ချစ်ကြလေသည်။
"ကျွန်မပြောတာတွေ မှတ်ထားပါ။ ပြီးရင် ဒီစာရွက်လေးနဲ့ ဆေးကောင်တာမှာ ဆေးသွားထုတ်လိုက်နော်"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
*ဒေါက် ဒေါက်*
လှည့်ကြည့်လိုက်တော့ ဝင်လာတဲ့သူက ကားပါကင်မှာ တွေ့ခဲ့တဲ့ ကလေးမ။ ကြည့်ရတာ ဒေါ်ခင်သူဇာ ရဲ့ သမီးထင်တယ်။ ခင်သူဇာနဲ့ မျိုးမမစံက ငယ်"တည်းက ခင်လာတာ။ သူ့မှာသမီးရှိတယ်ဆိုတာတော့သိပေမယ့် ပုံမပြဖူးတော့ အဲ့ကလေးမက သူသမီးဖြစ်မယ်မှန်းမသိလိုက်ဘူး။
YOU ARE READING
စွန့်လွှတ်လိုက်ရတဲ့ ကြိုးမျှင်လေး
Romanceရစ်ဘီးလုံးရဲ့ ထိန်းချုပ်မှုနဲ့အတူ စွန်ရဲ့ နှောင်ကြိုးအပ်ချည်မျှင်လေးဟာ ကောင်းကင်မှာ လေနဲ့ ယိမ်းနွဲ့စွာ ပျံသန်းနေရင်း ကြိုးမျှင်လေးမပြတ်တောက်သွားအောင်၊ စွန်လေးကို ကိုယ့်စီ ပြန်ရောက်လာအောင် ထိန်းပြီး ပြန်သိမ်းချင်ကြသူတွေပါပဲ။ ကိုယ်က လွဲရင်ပေါ့ မောင်...