ဒေါက် ဒေါက်
တံခါးခေါက်သံကြားလို့ ထဖွင့်ပေးလိုက်တော့ ဒေါ်မျိုးမမစံ။ ဒီနေ့က နားတာတဲ့ မာမီနဲ့က အရင်ကတည်းကခင်လို့ အခုလာတွေ့တာဆိုပြီး မာမီစောနပြောလို့ သိထားပြီသားဆိုတော့။ တံခါးဖွင့်ပေးပြီး ကျွန််မလည်း ဒီတိုင်းရပ်ကြည့်နေမိတယ်။ ဒီလိုသေချာကြည့်တော့ ဒေါ်မျိုးမမစံက လှသားပဲ၊ မဟုတ်သေးဘူး အဲ့ထက်ပိုတယ်။
"ဪ မင်းပဲ မင်းမာမီရော အိပ်နေတာလား"
"အိပ်နေလို့ မျက်လုံးမှိတ်ထားတာပေါ့" ဟု ဆိုပြီး
ဘုကလန့်ပြောသော မှိုင်းညိုမောင်ကို ကြည့်ကာ
မျိုးမမစံတစ်ယောက် ရိုက်ချင်စိတ်ပေါက် အခုလည်းကြည့် ဆေးရုံက ကိုယ် ပိုင်တဲ့ဆေးရုံ၊ အထဲတောင်ပေးမဝင်ဘဲ တံခါးရှေ့ ပိတ်ရပ်နေတာ ဘယ်လိုကလေးမလေးပါလိမ့်။"တို့ကို အထဲ ပေးဝင်ပါဦး" ဟုဆိုတော့မှ ဖယ်ပေးကာ ဝင်ဆိုတဲ့သဘောနဲ့ အမူအရာ လုပ်ပြလေရဲ့။
"ရော့ ဒါ မင်းမာမီအတွက် ဝယ်လာတာ"
"ပေး"
လက်ထဲက ပစ္စည်းတွေကိုယူသွားပြီး စားပွဲပေါ်တင်လိုက်ကာ သူ့ဘေးတွင် ဝင်ထိုင်လေသည်။ ကိုယ်လည်း ကိုယ့်ဘာသာ စာဖတ်နေတာပေါ့ အဲ့ကလေးမကတော့ ဘေးကနေ သက်ပြင်းတစ်ချချနဲ့။ ခနအကြာတော့
"အဒေါ်ကြီး"
".."
"အဒေါ်ကြီးလို့"
"တို့ကိုခေါ်နေတာလား"
"အင်းလေ ဒီမှာ အဒေါ်ကြီးပဲရှိနေတာ"
"တို့နာမည်က မျိုးမမစံ ၊ အဒေါ်ကြီးမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် ကျွန်မအမေနဲ့ရွယ်တူပဲလေ"
"ထားပါတော့ မင်း ဘာပြောမလို့လဲ"
"ကား..ကားအတွက် လျော်ကြေးပေးမလို့"
"ပေးလေ"
"အခု မပါလာဘူးလေ"
"အဲ့တော့"
"အဒေါ်ကြီး အားတဲ့ရက်ပြောလေ cafe ဆိုင်တစ်ဆိုင်"မှာ ပေးမယ်"
"ဘယ်ရက်မှမအားဘူး"
(မအားရင် မယူနဲ့လို့ပြောချင်ပေမယ့် ကိုယ့်အမေအရွယ်လောက်ဖြစ်နေတော့)
"ကျွန်မဖုန်းဆက်လိုက်မယ်"
YOU ARE READING
စွန့်လွှတ်လိုက်ရတဲ့ ကြိုးမျှင်လေး
Romanceရစ်ဘီးလုံးရဲ့ ထိန်းချုပ်မှုနဲ့အတူ စွန်ရဲ့ နှောင်ကြိုးအပ်ချည်မျှင်လေးဟာ ကောင်းကင်မှာ လေနဲ့ ယိမ်းနွဲ့စွာ ပျံသန်းနေရင်း ကြိုးမျှင်လေးမပြတ်တောက်သွားအောင်၊ စွန်လေးကို ကိုယ့်စီ ပြန်ရောက်လာအောင် ထိန်းပြီး ပြန်သိမ်းချင်ကြသူတွေပါပဲ။ ကိုယ်က လွဲရင်ပေါ့ မောင်...