'' Jeon ..''အရောင်တွေ ပျယ်ပျက်လုနီးပါး
ခပ်လွင့်လွင့် ဝိဉာဥ်တစ်ကောင်ရဲ့
ခြေလှမ်းတွေဟာ တုန့်ခနဲ...။
သူတကယ်ဆို ကာလာစုံအသွင်ကနေ
မီးခိုးရောင်ဘက် ကူးပြောင်းတော့ဖို့ လက်တစ်ကမ်းပဲ လိုတော့တာရယ်...။လက်ရှိကမ္ဘာနဲ့ တမလွန်ဟာ စည်းပါးပါးလေးတစ်ခုသာ ခြားထားတယ်လို့ ဆိုခဲ့ကြမယ်ဆိုရင် သူအခုအဲ့ဒီ့စည်းရဲ့ အပေါ်တည့်တည့်မှာ ခြေစုံရပ်နေမိတဲ့ အနေအထားတစ်ခုသာ
ဖြစ်လိမ့်မယ်...။'' သွားလေ ...ဘာတွေ တွေဝေနေတာလဲ... ''
'' ထားခဲ့လိုက်တော့... ပြန်လှည့်ကြည့်မနေနဲ့ ...''
'' ဒီမှာက အေးစက်ပြီး လမ်းပျောက်ရုံကလွဲလို့ ပျော်စရာတွေရှိပါတယ်... မင်းလိုလူမျိုးတွေလည်း အများကြီးပဲ ......စဥ်းစားမနေနဲ့ ငါတို့ဆီလာခဲ့...''
'' ဆက်သာလျှောက်... ဒီအမှောင်ထု
ခပ်ကြီးကြီးက မင်းကိုလွတ်မြောက်ခွင့်တွေ
ပေးလိမ့်မယ်...'''' ဟုတ်တယ်... လာ..ငါတို့ဆီလာ... ''
အကောင်အထည်မမြင်ရပေမယ့် အတိုင်းသားကြားနေရတဲ့ လှုံ့ဆော်မှုတွေ...။
ဒီစကားသံတွေကြားထဲ ထပ်ဆောင်း၍
ထင်းခနဲလင်းခနဲ ကြားလိုက်ရတဲ့
ခေါ်သံလေး...။
ဝိဉာဥ်ငယ်လေးဟာ ဘာကိုရွေးချယ်ရမှန်း
မသိတော့ပေ...။
သူတို့ပြောသလို ရှေ့ကိုပဲ ဆက်တိုးလိုက်သင့်လား...
ခေါ်သံလေးရဲ့နောက်ကိုပဲ ပြန်လှည့်ပြေးသင့်သလား...
သူတကယ်ကို လမ်းပျောက်နေရှာပြီပဲ...။'' ငါ့မီးတောက်လေး.. ကိုကိုမင်းကိုသိပ်လွမ်းတာပဲ...''
အသိစိတ်တွေထဲကို နင့်နင့်နဲနဲ စီးဝင်လာတဲ့ မြတ်နိုးရသူရဲ့ တမ်းတသံ...။
ဒီအသံလေးဟာ Jeon ရဲ့ အသက်နဲ့ခန္ဓာဆက်လက် တည်မြဲနေဖို့ အတွက် အကြောင်းတရားအရင်းအမှန် ဖြစ်စေခဲ့သတဲ့...။တီ.......!!!!!
ပြန်လည်၍ ပြေးလွှားလာတဲ့
ဖန်သားထက်က လှိုင်းအတက်အကျတွေ
ကြောင့် ဇောချွေးပြန်နေပြီဖြစ်တဲ့
ဆရာဝန်တစ်ချို့ဟာ သက်ပြင်းမောတွေကို
ကြိတ်ချတယ်... ။
ဒါဟာ မီးတောက်ငယ်လေး ပြန်လည်ရှင်သန်လာခြင်းရဲ့ ဇာတ်ကြောင်းတစ်ခုပါပဲ...။
YOU ARE READING
သက်ဆိုင်သူသို့....🍁 ( Completed )
Fanfictionအရင်လိုပြန်ချစ်ပေးပါနော်ကိုကို ကျွန်တော်လိမ္မာပါတော့မယ်