''ထယ်လေး.. ''
စိုးရိမ်လွန်နေတဲ့ စိတ်ကြောင့် Hoseok အပြေး
တပိုင်း အိပ်ခန်းထဲပြေးဝင်မိတော့ ကုတင်ပေါ်
လှဲလျောင်းနေရှာတဲ့ ထယ်လေး ။
အည်ိုရောင်အနွေးထည်လေး ထပ်ဝတ်ထားလျက် သူ့အသံကြားသည့်အခါ ဖြူဖျော့ဖျော့မျက်နှာလေးနဲ့ လှမ်းကြည့်ရှာသည်။''အကို.... ဘာလို့အလောတကြီးဖြစ်လာတာလဲ.. စိတ်မပူဖို့ ထယ်ပြောရဲ့သားနဲ့ ''
''စိတ်မပူပဲ နေပါ့မလားကွာ ''
ကုတင်ဘေးဝင်ထိုင်ရင်း ထယ့်လက်လေး
တွေကို ကိုင်ကာ Hoseok သူ့ပါးပြင်မှာ
ကပ်ထားလိုက်မိသည်။ ph ပြောနေရင်းအသံပျောက်သွားထဲက လူကပျာယာခတ်သွားမိတာ ။ ထယ့်ကိုတစ်ယောက်ထည်းထားခဲ့ရပြီး အလုပ်သွားရတိုင်းမှာ Hoseok ဘယ်တော့မှ
စိတ်မချနိုင်ခဲ့ပါ ။''အဟမ်း..! ''
နောက်ကျောဘက်ဆီက ချောင်းဟန့်သံကြားမှ ထယ့်ရဲ့လက်တွေကိုဆုပ်ကိုင်ထားရင်း မျက်ရည်ဝဲမိနေရာမှ အသိပြန်ဝင်လာခဲ့မိသည် ။
''အကို...ဒါဒေါက်တာ Park Jimin တဲ့
ထယ်တို့ဘေးအိမ်ကလေ... ထယ့်ကိုကူညီပေးထားတာ''''တွေ့ရတာဝမ်းသာပါတယ်ဗျ... Park Jimin ပါ''
အေးချမ်းတဲ့မျက်နှာလေးနဲ့ လက်ကမ်းပေးကာ နှုတ်ဆက်လာသူကို Hoseok ဝမ်းသာအားရပဲတုံ့ပြန်မိသည် ။
''Jung Hoseokပါ.. တွေ့ရတာဝမ်းသာပါတယ် ။ နောက်ပြီး ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ....
ကျတော့်ထယ်လေးကို ကူညီပေးထားလို့ ''''ရပါတယ်... အိမ်နီးချင်းတွေပေမယ့်အခုမှပဲ ဆုံခွင့်ကြုံတော့တယ် ''
''ဟုတ်ပါရဲ့... ဘေးအိမ်မှာ ဒေါက်တာရှိနေတာကျတော့်အတွက်တော့ ဘုရားမတာပါပဲ ။
မဟုတ်ရင် ခုနလိုအဖြစ်မျိုးမှာ ထယ်က
တစ်ယောက်ထည်း ။ ကျတော်လည်းအမြန်ပြန်လာပေမယ့် လမ်းမှာကားပိတ်နေလို့ပါ။ ဒေါက်တာသာ မကူညီထားရင် ကျတော်ဆက်တောင်မတွေးဝံ့တော့ပါဘူးဗျာ ''''စိတ်မပူပါနဲ့တော့... ကျတော် Kim TaeHyungshi ကို သေချာစစ်ဆေးပေးထားပါတယ် ။ ခနနေရင်ပိုသက်သာသွားမှာပါ ''
''ထယ် ....တကယ်သက်သာနေပါပြီအကိုရဲ့...စိတ်ပူနေတာလျော့တော့နော်... ''
YOU ARE READING
သက်ဆိုင်သူသို့....🍁 ( Completed )
Fanfictionအရင်လိုပြန်ချစ်ပေးပါနော်ကိုကို ကျွန်တော်လိမ္မာပါတော့မယ်