Final 🍁 - 🔕

847 85 48
                                    


'' ဒယ်ဒီ Jeon ရေ မပြီးသေးဘူးလား...''

လက်ထဲက နို့ဘူးအသေးစားလေး ၂ ဘူးကို
ကိုင်ကာ Jeon တစ်ယောက် ယောက်ယက်ခတ်နေတာ အတော်လေးကြာပြီ...။
Jeon Jimin လေးက ဖျော်ပုံဖျော်နည်းရော
ထည့်ရမယ့်နို့မှုန့်နဲ့ ရေပမာဏကိုပါ
သေချာသင်ပေးထားပေမယ့် တစ်ခုမှကို
သူမမှတ်မိတော့ပါ...။
ဒိုက်ပါပါ ယူလာခဲ့ပေးနော် Jeon လို့
မှာလိုက်သေးတယ်...... နို့ဗူးရဲ့
ရေအပူချိန်ကိုလည်း သေချာညှိခဲ့တဲ့.....။ သောက်ပြသနာပဲပေါ့...။
ဒိုက်ပါဟာ ဘယ်ဂြိုလ်ပေါ် ရောက်နေလို့
ရေအပူချိန်ဟာလည်း ဘယ်အတိုင်းအတာဆို
ရပြီမှန်းလဲ သူမသိပါ... ။

ထပ်မေးရင်လည်း ဒါပါနဲ့ဆို
၅ ခါမြောက်ပြီမို့ အော်ခံထိတော့မှာမလွဲ..။ နီတာရဲလေး နှစ်ကောင်၏
အာခေါင်ခြစ်အော်သံဟာ Jeon လက်တွေကို တုန်ယင်လာစေသည်...။
ထပ်တိုး၍ သက်ဆိုင်သူလေး၏
အလိုမကျတော့သော ခပ်လောလော
သတိပေးသံကို ကြားလိုက်ရသောအခါ
ဒယ်ဒီ Jeon တစ်ယောက် ခြေလက်များပါ
တုန်ကာအိုးနင်းခွက်နင်း ....။

'' ဒီလောက်ဆို ရလောက်ပြီထင်တယ်...ပူတော့လည်း နည်းနည်းပါးပါးမှုတ်သောက်ပေါ့... ''

နို့ဗူးလေး လက်ကကိုင်ကာ
အပြေးအလွှားဝင်လာရှာသော Jeon ဟာ
ခေါင်းစုတ်ဖွားနဲ့သာ....။
အိပ်ချင်မူးတူးစိတ်ကလေးနဲ့ အယောင်ယောင်အမှားမှားတွေ Jeonဖြစ်နေမှန်း
သိသာလွန်းလှပါ၏....။
မဖြစ်လည်းခံနိုင်ရိုးလား တနေကုန်
ကုမ္ပဏီမှာပင်ပန်းထားတာတောင်
ယခုထပ်၍ ဗျာများနေရှာသော
မီးတောက်လေးသည် အတော့်ကို
ဒေါင်ချာစိုင်းနေလောက်ပြီ..။
အချိန်အားဖြင့်ဆို ညည့်နက်သန်းခေါင်လေ...

'' ဒိုက်ပါထုပ်ရော Jeon... ''

'' အဲ့ဒါက ဘယ်နားမှာလဲ...''

'' Baby လေးတွေအခန်းထဲက အံဆွဲထဲမှာ
ပါဆိုနေ...''

'' အင်း...ကိုယ်အခုသွားယူလိုက်မယ်.. ''

'' ခနလေး... နို့ဘူးပေးခဲ့အုံးလေ..အပူချိန်သေချာလုပ်ခဲ့တယ်မှတ်လား...''

Jimin ကအမွှာလေးတွေကို ချော့မြူနေရင်း
မေးလာတော့ သူနည်းနည်း
အကျပ်ရိုက်သွားမိ၏..။
အပူချိန်လား မညှိတတ်ဘူးလေ...။
ရလောက်ပြီထင်ပြီး ယူလာခဲ့တာမို့
ဒီအတိုင်းပေးလိုက်ဖို့ရာ ပြင်တော့
မျက်ဝန်းအိမ် ကျဥ်းကျဥ်းလေးတွေက
စူးကြည့်နေပြီမို့ Jeon လက်လေးတွေတွန့်ခနဲ..။

သက်ဆိုင်သူသို့....🍁 ( Completed ) Where stories live. Discover now