Part.1_ " မြင့်မြတ်သောကိုယ်ခံပညာကျင့်စဉ် ကုယွမ် "

87 9 3
                                    

Chapter 2242

နဉ်ရှု 2333ကို " ကဲ နောက်တာဝန်စလိုက်ကြရအောင် " ပြောလိုက်သည် ။

" ကောင်းပြီ "

" Space ကိုပြန်ပြင်ဖို့မမေ့နဲ့နော် " နဉ်ရှုပြောလိုက်သည် ။
" တွင်းပေါက်မဲကြီးက ပုတီးစေ့နှစ်လုံးအားပြိုင်လို့ ဖြစ်လာတာလို့ နင်ပြောခဲ့တာမဟုတ်လား ။ သူတို့ အဲ့လောက်စွမ်းအင်တွေထုတ်လွင့်နေမှတော့ နင်စုပ်ယူလိုက်ပါ့လား "

2333 မလုံမလဲနဲ့ " ငါကြိုးစားနေတယ် ၊ ကိုယ့်တာဝန်သာကိုယ်သွားလုပ်စမ်းပါ "

နဉ်ရှု ရုတ်တရက် system space ကနေ ပစ်ထုတ်ခံလိုက်ရတော့သည် ။ အဲ့တာက အရမ်းခေါင်းမူးတာဘဲ ။

ဝက်သယ်ဟဲ ?? သူမ ဘာမြန်းမှားပြောလိုက်လို့လဲ ?

နဉ်ရှု ဝိညဉ် တာဝန်အပ်သူရဲ့ ဝိညဉ်ထဲတဖြည်းဖြည်း ရောနှောသွားသည် ။
သူမ မတ်တပ်ရပ်လိုက်ပြီး ခေါင်းကိုခါလိုက်သည် ၊ ခုထိမူးဝေ နေသေးသည် ။

ဒီအခန်းက ကျောက်တုံးနဲ့လုပ်ထားတဲ့အခန်းဖြစ်ပေမဲ့ နေရာကိုပြင်ထားသည်မှာ အရမ်းဇိမ်ကျသည် ။ အခန်းထဲမှာ ပြတင်းပေါက်ကိုကာထားတဲ့ အနီရောင်ပိုးစလိုက်ကာ ၊ စားပွဲတင်ခုံ နဲ့ ဗီရို တွေရှိသည် ။ အဲ့တာတွေတင်မကသေးပေ ။ သေသပ်လှပတဲ့ အမွေးအိုးလေးထဲက အဖြူရောင်မီးခိုးငွေ့များလွင့်ပျံနေပြီး အခန်းတစ်ခုလုံး ပေါ့ပါးလန်းဆန်းတဲ့ ရနံ့များနှင့်ပြည့်နေသည်။

နဉ်ရှု သူမ ဗီမာန်တော်ကိုကိုင်လိုက်သည် ။ သူမ ခေါင်းအနည်းငယ်ပေါ့ပါးလာပြီး ဇာတ်ကြောင်းကိုစတင်လက်ခံလိုက်သည် ။

ဒီဇာတ်လမ်းကတော့ ရှားပါးတဲ့ ကိုယ်ခံပညာစာအုပ်တစ်အုပ်ကိုအရင်းတည်ပြီး ဖြစ်လာတဲ့ ဇာတ်လမ်းဖြစ်သည်။ ဟုတ်ပါတယ် ဒီကမ္ဘာကတော့ ကိုယ်ခံ‌ပညာလောက ဘဲ ။ ကိုယ်ခံပညာတွေ အထွတ်အထိပ်ကိုရောက်လာတဲ့အခါ မသေမျိုးဘဝဆီကို ဦးတည်လာကြသည်။

ရှားပါးတဲ့စာအုပ်ဖြစ်တဲ့ " မြင့်မြတ်သောကိုယ်ခံပညာကျင့်စဥ်ကုယွမ် ( Guiyuan sacred Martial Arts ) " ဟုခေါ်ဆိုတဲ့ စာအုပ်တစ်အုပ်က ထိုသိုင်းပညာကျင့်ကြံသူတွေကို ထာဝရအသက်ရှင်သန်စေပြီး မသေနိုင်တဲ့ဘဝကိုရောက်ရှိစေနိုင်တယ်ဆိုတဲ့ ကောလဟာလများထွက်ပေါ်နေသည် ။

လောကရဲ့ သဘာဝတရားကြီးကိုဆန့်ကျင့်ပြီး လူတွေက သူတို့ကိုယ်သူတို့ သန်မာလာပြီး အသက်ရှည်အောင် သိုင်းပညာတွေကိုကျင့်ကြံကြတယ် ။
ရလဒ်အနေနဲ့ လူတိုင်း ၊ ‌လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် "မြင့်မြတ်သောကိုယ်ခံပညာကျင့်စဉ် ကုယွမ် "ကိုရယူနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ကြတော့သည် ။

တစ်ယောက်ယောက်က ဒီသိုင်းပညာကို ကျင့်ကြံပြီးမြောက်သွားရင် အဆမတန်အင်အားကြီးလာရုံတင်မကဘူး မသေမျိူးဘဝကိုပါတက်လှမ်းနိုင်သည် ။ ဒါကတော့ လူတွေကိုရူးသွပ်စေနိုင်တဲ့ အထိပါဘဲ ။

မူလကိုယ်ရဲ့ အမည်ကတော့ ဟုန်ယဲ့ ဖြစ်သည် ။သူမသည် မြင့်မြတ်သောနတ်ဆိုးဂိုဏ်ခေါင်းဆောင် ရဲ့ဟွာရဲ့ ညီမ ဖြစ်သည် ။ သမာသမတ်လမ်းစဉ်က လူတွေရဲ့ အဆိုအရတော့ ဟုန်ယဲ့က သွေးဆောင်ဖျားယောင်းတက်တဲ့ မိန်းမဖြစ်သည် ။

ဒီဇာတ်လမ်းကတော့ နတ်ဆိုးဂိုဏ်းမှာ ဝင်အယောင်ဆောင်နေတဲ့ သမာသမတ်လမ်းစဉ်လူငယ်လေးအကြောင်းဖြစ်သည် ။
သူရဲ့ ရည်ရွယ်ချက်ကတော့ "မြင့်မြတ်သောကိုယ်ခံပညာကျင့်စဉ် ကုယွမ် " ကိုရယူရန်ဖြစ်သည် ။

ဤကဲ့သို့ ကောင်းကင်ဘုံကိုတောင်အံတုနိုင်တဲ့ သိုင်းပညာစာအုပ်ပ နတ်ဂိုဏ်းတစ်ခုရဲ့ လက်ထဲသို့ကျရောက်သွားခဲ့သည် ။ ဒီတိုင်းထားလို့ကတော့ အနာဂတ်မှာ သေချာပေါက် သွေးမြစ်စီးတဲ့အဖြစ်တွေဖြစ်လာမှာ ဧကန်ဘဲ။

စာအုပ်ကို ခိုးယူရန် ၊ သမာသမတ်လမ်းစဉ်ဂိုဏ်း က လူငယ်တစ်ဦးကို မြင့်မြတ်သောနတ်ဆိုးဂိုဏ်းကို ခိုးဝင်ရန်‌စေလွှတ်ကာ မိသားစုတစ်ခုလုံးအသတ်ခံရပြီး မိဘမဲ့အဖြစ် ( ရှီယီ )အမည်ပေးပြီး အယောင်ဆောင်စေခဲ့သည် ။

ဟုန်ယဲ့ ရဲ့ဖခင်ဖြစ်သူ နတ်ဆိုးဂိုဏ်းခေါင်းဆောင်က သူ့(ရှီယီ)ကို မြင့်မြတ်သောနတ်ဆိုးဂိုဏ်းထဲခေါ်လာခဲ့သည် ။

ထို့ကြောင့် ဟုန်ဟဲ့နဲ့ ၊ ရှီယီ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေဖြစ်ကြတဲ့သူ ၊
သူတို့ကို ငယ်ကျွမ်းဆွေအဖြစ် သတ်မှတ်နိုင်သည် ။ ရှီယီက ကြီးပျင်းလာတာနဲ့အမျှ ချောမောပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ သူဖြစ်လာခဲ့သည် ။ ဒီနတ်ဆိုးဂိုဏ်းမှာတော့ သူ့ကို ကျောက်စိမ်းလိုရုပ်ရည်နဲ့သခင်ငယ်လေး အဖြစ်လူသိများကြသည် ။

ပိုပြီးလှပတွေအရာတွေမှာ ပိုပြီးအဆိပ်ရှိကြစမြဲပါဘဲ။ ချစ်ခြင်းမေတ္တာကိုတောင့်တနေတဲ့မိန်းကလေး ဟုန်ယဲ့ကတော့ ဒီချောမောတဲ့ ကောင်လေးကို သဘောကျမိတာ သ‌ဘာဝပါဘဲ ။


TBC... Part 1.5

ဘာသာပြန်သူ _Mai

Ningshu Realm _36 ( Demonic Temptress of the scared demonic cult)Where stories live. Discover now