Chapter 2245
နဉ်ရှု ဆီကသောက်ခွက်ဖြတ်ရိုက်တာခံလိုက်ရတော့ ရှီယီခဏလောက်ကြောင်အသွားသည် ။ ဘယ်လိုရုန်းကန်ရမလဲဆိုတာတောင် မေ့သွားခဲ့သည် ။
ရှီယီတင် အံ့ဩသွားရုံသာမက နောက်မှာရပ်နေတဲ့ မေ့ဝူမျက်နှာမှာလည်း အံ့ဩတဲ့အမူအရာဖြစ်သွားသည် ။
" မင်း....." နဉ်ရှုရဲ့နှောက်ယှက်မေးတဲ့ အမေးကြောင့် ရှီယီ ဒေါသထွက်ထွက် ပြောဖို့ကြံနေတဲ့ စကားပြတ်သွားသည် ။ နဉ်ရှုက " နင် ငါ့ကိုကြိုက်လား မကြိုက်ဖူးလား "
" ငါ....."
" နင် ဒါလေးဖြေဖို့တောင် တုံ့ဆိုင်းနေမှတော့ ကြည့်ရတာ နင်ငါ့ကိုမချစ်ဘူးဘဲ "လို့ပြောရင်း နဉ်ရှု ရှီယီ ပါးကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည် ။
" မင်း....."
" ငါကတော့နင့်ကိုအရမ်းချစ်ခဲ့ရတာ ဒါပေမဲ့ နင်ကငါ့ကိုနဲနဲလေးတောင်ပြန်သဘောမကျဘူး " နဉ်ရှု လက်နှစ်ဖက်ကို ဘယ်ပြန်ညာပြန်သုံးကာ ရှီယီကို ကြိမ်ဖန်များစွာပါးချနေတော့သည် ။ ပါးတစ်ခါချတိုင်းတိုင်း " ဖြန်း " ကျယ်လောင်သောအသံကထွက်ပေါ်လာသည် ။
ရှီယီ မျက်နှာ နီရဲပြီး ယောင်ကိုင်းလာသည် ။
" ငါနင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ် နင်ငါ့ကိုကြိုက်လား မကြိုက်ဖူးလား "
" ငါ မင်းကိုကြိုက်တယ် " ရှီယီ ကြောက်" လန့်"နဲ့ချက်ချင်းအော်လိုက်သည် ။
" နဲနဲလေးမှတောင်မတုံ့ဆိုင်းဘူး တန်းဖြေလိုက်တာဘဲ ၊ နင်သေချာပေါက်ဟန်ဆောင်နေတာဘဲ "လို့ပြောပြီး နဉ်ရှု အဆက်မပြတ် ပါးသာချနေတော့သည် ။
နဉ်ရှု ရှီယီ ရဲ့ဗိုက်ကို ကန်ထည့်လိုက်ပြီး နောက်မှာရပ်နေတဲ့ မေ့ဝူခါးမှာချိတ်ထားတဲ့ ဓားကို နဉ်ရှုဆွဲယူလိုက်သည်။
သူသတိမထားမိခင်လေးမှာဘဲ ဓားသွားက ရှီယီရဲ့လည်ကိုဖြတ်သွားသည်။
သူ့လည်ပင်းပေါ်ရှိ အနီရောင်မျဉ်းလိုင်းလေးကနေ သွေးများ ဒလဟောစီးကျလာပြီး ရှီယီ မျက်နှာမှာ အလွန်တရာထိတ်လန့်တုန်လှုပ်နေသည်။ ရှီယီ ပါးစပ်ကနေ သွေးများ အန်ထွက်လာပြီး ဒူးထောက်ကျသွားကာ သွေးများစို့နေပြီး စကားပြောရန် ရုန်းကန်နေလေသည်။
YOU ARE READING
[နဉ်ရှု] Realm _36 : Demonic Temptress of the scared demonic cult)
FantastikTitle (Eng )_Quick Transmigration Cannon fodder's record of counterattacks _ Credit to the original writer. This is just translation. _ pic from Pinterest