Chapter 4 ( Unicode )

1.2K 56 2
                                    

🔥ဗလာနတ္ထိ🔥

Chapter 4

"ခဗျား သိသိရက်နဲ့ဘာလို့ကျုပ်ဘေးနားမှာလာနေနေတာလဲ...... ကျုပ်လေ ခဗျားကိုဘယ်လောက်ထိသတ်ချင်နေလဲသိလား ဓာနဲ့အချက်ပေါင်းမရေနိုင်အောင်ထိုးသတ်ချင်တာ"

လွန်း နှုတ်ခမ်းထောင့်စွန်းမှထွက်လာသည့်သွေးကိုသုပ်လိုက်ပီး ရင်နာနာနဲ့ဘဲ မောင့် ရဲ့တင်းမာနေတဲ့မျက်နှာလေးကိုကြည့်ပီး

"သတ်ပါသတ်လိုက်စမ်းပါမောင်ရယ် မင်းငါ့နားကိုချဥ်းကပ်လာကတည်းကမင်းရည်ရွယ်ချက်ကဘာဆိုတာငါသိသိရက်နဲ့မင်းကိုငါ့အနားပေးနေခဲ့...."

"တော်စမ်းပါ ကျုပ်ခဗျားနားချဥ်းကပ်လာတုန်းကလဲမုန်းတဲ့စိတ်နဲ့ဘဲချဥ်းကပ်လာတာ ကျုပ်ခဗျားနဲ့တွဲနေတဲ့အချိန်တုန်းကလဲအမုန်းနဲ့ဘဲ"

"ဒါဆိုဘာလို့အဲ့အမုန်းတွေပေးပီးဆက်မတွဲခဲ့တာလဲ ငါ့မှာမင်းငါ့ကိုလမ်းခွဲမယ်ပြောတုန်းကဘယ်လာက်ခံစားခဲ့ရလဲမင်းသိလား"

"မသိဘူးလေ ကျုပ်မှမခံစားတက်တာ ကျုပ်ခဗျားကိုလဲမချစ်ခဲ့ဘူးလေ ခဗျားတစ်ယောက်တည်းကိုဘဲမချစ်တာ"

*ဝန်ခံပါတယ်ခဗျားနဲ့ရှိနေရင်တော့အရာအားလုံးကိုမေ့ပီးပျော်ရတာကို*

ဗလာနတ္ထိ တဲ့နာမည်များစီးသွားတာလား မောင့်ရဲ့ရင်ထဲမှာလဲဒီလိုနာမည်အတိုင်းဗလာဖြစ်နေတာများလား လွန်းကိုတော့ချစ်မှာပါနော် မောင်မချစ်ရင်လဲ လွန်းဘက်ကချစ်ရရင်ကျေနပ်ပီ......

"ငါမင်းကိုချစ်တယ် နတ္ထိ "

"ချစ်လေ ကျုပ်မဂ်လာဆောင်တော့မှာ ကျုပ်ရည်ရွယ်ထားတဲ့လူရှိတယ်"

နတ္ထိသူပြောလိုက်တော့ ထိန်လန့်သွားသည့်မျက်ဝန်းတွေပြန်ပီးငြိမ်အောင်စိတ်တွေစုနေတဲ့လွန်းဂန္တဝင်ရဲ့မျက်ဝန်းအိမ်ထဲမှပုံရိပ်အားသူအစအဆုံးတွေမြင်နေရသည် သို့ပေမဲ့ထွက်လာသည့်စကားကတော့အက်ကွဲစို့နင့်သံနှင့်......

"မိန်းမလားယောက်ျားလား"

"ကျုပ်ယောက်ျားလေးသဘောမကျတာခဗျားသိပါတယ်"

"ဒါဆိုမိန်းကလေးပေါ့"

"မေးစရာမှမလိုတော့တာ"

🔥 ဗလာနတ္ထိ 🔥 [ Ongoing ]Where stories live. Discover now