🔥ဗလာနတ္ထိ🔥
chapter 3
လွန်း မောင့် ဆီမှာကျွန်လုပ်ဖို့ကို ဒယ်ဒီ့ဆီ သူငယ်ချင်းတွေနဲ့ခရီးသွားမယ်ဆိုပီးလိမ်ခဲ့ခြင်းပင် ။ ဒယ်ဒီ သာဒီကိစ္စသိရင် ငါလိုဝန်ကြီးချုပ်ရဲ့သားကဘာမဟုတ်တဲ့ကောင်အိမ်မှာကျွန်လုပ်နေတယ်ဆိုပီးအပြောခံရအုံးမည်။ ဒယ်ဒီ့ဘာသာဝန်ကြီးချုပ်မကလို့ဘာကြီးဘဲချုပ်ချုပ် မောင့် အိမ်မှာသွားနေပီး မောင့် ရဲ့အချစ်တွေကိုရယူချင်သေးတယ်.........
အခုမောင့် အိမ်ကိုပစ္စည်တွေပါသယ်လာခဲ့လိုက်သည် ။ မောင် စိတ်ယိုင်လာအောင်သေချာပေါက်လုပ်မှာ
လွန်း အိမ်ထဲဝင်ဝင်ချင်းမောင့် ဆီကအေးစက်စက်နဲ့ကြားရသောအသံ
"ခဗျား အိမ်ကပစ္စည်းတွေသွားသယ်ခဲ့ပီလား"
"ငါ သွားသယ်ခဲ့ပီးပီမောင်"
"ဒါဆိုသေချာပီပေါ့ခဗျား ကျုပ်ဆီမှာကျွန်လုပ်ဖို့"
"အင်း"
နတ္ထိ မဲ့ပြုံးပြုံးလိုက်ပီး စီးကရက်အားမီးညှိလေတော့ သူ့ဘေးနားထိုင်သည့်လွန်းဂန္တဝင်ဆီမှမရဲတရဲထွက်လာသောအသံ
"မောင် "
"အင်း"
"မင်းအဲ့တာတွေမသောက်လို့မရဘူးလားဟင် ဆေးလိပ်ကမကောင်း......."
"ခဗျား ကကျုပ်ကိုဆရာလာလုပ်နေတာလား"
"မဟုတ်ပါဘူး မင်းရောဂါရမှာဆိုးလို့ပါ"
"စောက်ပိုတွေပြောပြန်ပီ "
မောင် ကဒီပုံစံမဟုတ်ဘူးလေ မောင် ကအရမ်းပြောင်းလဲသွားတာ ။ အရင်ကဆိုလွန်းကဆေးလိပ်မသောက်နဲ့ပြောရင်ချက်ချင်းမြေပေါ်ပြစ်ချလိုက်တာ အခုတော့ ဘာပြောပြော မောင် ကဆန့်ကျင်နေတာ
"ခဗျား ဒီမှာဘဲထိုင်နေတော့မလို့လား ခြံထဲမှာတံမြတ်စည်းသွားလှည်းတစ်ခြံလုံးခဗျားလှည်းရမှာ ကျုပ်အဝတ်တွေလဲခဗျားဘဲလျှော်ရမှာ"
"ဒီနေ့ကစပီးတော့လား"
"ဘာလဲခဗျားကမလုပ်ချင်လို့လား"
"ငါလုပ်မှာပါမောင်"
"ဒါဆိုသွားတော့လေ ကျုပ်နားကိုမခေါ်ရင်မလားမိစေနဲ့ကျုပ်ခဗျားကိုမုန်းတယ်"
YOU ARE READING
🔥 ဗလာနတ္ထိ 🔥 [ Ongoing ]
Любовные романы"ဗလာနတ္ထိ" "ကျုပ်မှာအချစ်တွေ သစ္စာတွေမေတ္တာတွေမရှိဘူး သိလဲမသိဘူး ။ ပီးတော့ ကျုပ်ဘယ်သူ့ကိုမှလဲဂရုမစိုက်ဘူး ခဗျား ရဲ့ father ကြီးက ရာထူးမြင့်တယ်ဆိုရင်တောင် အဲ့အာဏာတွေနဲ့ကျုပ်ကိုလာသိမ်းလို့မရဘူး လွန်းဂန္တဝင်" "လွန်းဂန္တဝင်" "မင်းကနာမည်နဲ့လိုက်အောင်ကို...