🔥ဗလာနတ္ထိ🔥
part 5
လွန်း ကိုဘာမှမလုပ်ခိုင်းဘူးဆိုလို့ မီးဖိုခန်းထဲမှာအလုပ်ရှုပ်နေသည့်အစေခံကောင်မလေးတွေနဲ့မလှမ်းမကမ်းမှာလွန်းထိုင်နေလိုက်၏ ။ ထားဆွေဆိုသောအစေခံမလေးကတော့ ပန်းကန်ဆေးနေလေ၏ ။
"ထားဆွေ"
ထားဆွေ နာမည်ခေါ်သံကြောင့် ပန်းကန်ဆေးရာမှရေဘားပိတ်ပီးအနောက်ဘက်လှည့်ကာ
"ရှင် အစ်ကိုလွန်း"
"မောင် ကဘယ်သွားတာလဲဟင်"
"မသိဘူးရော အစ်ကိုလွန်း အပြင်ထွက်သွားတာဘဲသိတယ်"
"ဒါဆို ငါအပြင်ထွက်လို့ရတယ်မလား သူမရှိတုန်းလေ"
"မထွက်ပါနဲ့အစ်ကိုလွန်းရယ် အစ်ကိုလေး သိရင်ထားဆွေတို့ကိုဆူနေပါအုံးမယ်"
ထားဆွေက လွန်းအပြင်ထွက်ရင်မောင်က လွန်းကြောင့်နဲ့သူတို့ကိုဆူမယ်တဲ့ လွန်းကမောင့်စိတ်ကိုတောင်မစိုးမိုးနိုင်တာ ဘယ်လိုလို့ဆူမလဲ လွန်းကိုရောမောင်ကချစ်တာမှမဟုတ်တာ လွန်းဆိုတာလဲမောင့်အတွက်ဘာမှမဟုတ်ဘူးလေ အိမ်ကနေတောင်ထွက်သွားလို့ပြောနေတဲ့မောင်က လွန်း ကိုဆူဖို့နေနေသာသာအိမ်ပြန်မလာရင်တောင်ပျော်အုံးမှာမဟုတ်လား.......
"ရတယ် မောင်ကငါ့အတွက်ဘယ်သူ့ကိုမှဆူမှာမဟုတ်ဘူး"
"ဟင်....."
"မောင့် အတွက်အရေးပါတဲ့လူကငါမှမဟုတ်တာ မောင် ပြန်လာလို့ငါ့ကိုမေးရင်အပြင်သွားတယ်ပြောလိုက် မမေးရင်တော့ သွားမပြောပါနဲ့ ငါမရှိတုန်းပျော်နေတဲ့မောင့် ကို ငါ့ကြောင့်စိတ်မဆင်းရဲစေချင်ဘူး"
"ဟုတ်ကဲ့ အစ်ကိုလွန်း"
လွန်းထားဆွေကိုမှာပီးချင်းအပြင်သို့ထွက်ခဲ့လိုက်သည် ။ မောင်ကမိန်းကလေးတွေကြိုက်တာတဲ့ လွန်း ရဲ့အဝတ်အစားဟန်ပန်တွေကိုမိန်းကလေးနည်းတူပြောင်းလဲလိုက်သင့်လာ...... လွန်း မေ့နေလိုက်တာ မောင် ကလွန်း မို့လို့မချစ်တာလေ လွန်းတစ်ယောက်တည်းကိုဘဲမချစ်တာ
"ဟျောင့် လွန်း သွားမယ်လေ"
"အင်း "
လွန်းကိုအပြင်ထွက်ပျော်ဖို့သူငယ်ချင်းတွေကဖုန်းထဲကနေပြောတာကြောင့် လွန်းကိုလာကြိုဆိုပီး ခြံတံခါးပေါက်ဝမှာစောင့်နေခြင်းပင်
YOU ARE READING
🔥 ဗလာနတ္ထိ 🔥 [ Ongoing ]
Любовные романы"ဗလာနတ္ထိ" "ကျုပ်မှာအချစ်တွေ သစ္စာတွေမေတ္တာတွေမရှိဘူး သိလဲမသိဘူး ။ ပီးတော့ ကျုပ်ဘယ်သူ့ကိုမှလဲဂရုမစိုက်ဘူး ခဗျား ရဲ့ father ကြီးက ရာထူးမြင့်တယ်ဆိုရင်တောင် အဲ့အာဏာတွေနဲ့ကျုပ်ကိုလာသိမ်းလို့မရဘူး လွန်းဂန္တဝင်" "လွန်းဂန္တဝင်" "မင်းကနာမည်နဲ့လိုက်အောင်ကို...