ထျန်နိုင်ငံမှ ထွက်လာတာ လမ်းတစ်ဝက်ရှိပြီဖြစ်သည်။ အစောင့်တွေလည်း အနားယူဖို့လိုတာမို့ ဝေါယာဉ်ကို လမ်းဘေးကပ်ရပ်ထားလိုက်သည်။ တောင်တတ်လမ်းဖြစ်တာကြောင့် ရဲမက်တွေလည်း မောဟိုက်နေကြပြီဖြစ်သည်။ အသီးသီး ထိုင်နားပြီးရေသောက်နေချိန်မှာတော့ စစ်သူကြီးဝမ်က ဝေါယာဉ်ပြတင်းပေါက်လေးမှ ရေဗူးကိုထည့်ပေးလိုက်၏။ အထဲမှ ရေဗူးကို ယူလိုက်ပြီးပြန်မပေးတဲ့ အခါမှာတော့ စစ်သူကြီးလည်း နောက်ဆုတ်သွားလေသည်။ ဒါကို စုန့်မင်းသားငယ်က ရယ်သည်။
"စစ်သူကြီးက ရန်သူကိုညှာနေတာလား။"
"စကားဆင်ခြင်ပြောပါမင်းသားငယ်။ ဒါကမင်းကြီးရဲ့ ကိုယ်လုပ်တော်ပါ။ မိဖုရားအရာ မရောက်နိုင်ဘူးလို့ပြောလို့မရဘူး။"
"ဟက်...ယောက်ျားကြီးကဘယ်လို မိဖုရားနေရာရမှာလဲ။ လောလောဆယ် စစ်သူကြီးရေငက်ပြီမဟုတ်လား။ တစ်ချို့ကိစ္စတွေကအရမ်းကြီး လိုက်နာစရာမလိုပါဘူး။"
ထိုအခါ ဝေါယာဉ်ထဲကနေ ရှောင်းကျန့်ထွက်လာပြီး
"မိဖုရားနေရာ ဟုတ်လား။ အဲ့နေရာကိုလိုချင်ယုံနဲ့ ရွံစရာကောင်းတဲ့လူဆီမှာ ကြိတ်မှိတ်ခြေတော်တင်ခံနေရတဲ့အမျိုးသမီးတွေနဲ့ မယှဉ်နဲ့။ ငါကမင်းသားတစ်ပါး လိုချင်ရင် ဘုရင်နေရာကိုပဲ ဖြစ်လိမ့်မယ်။"
ထိုအခါမင်းသားငယ်ကထလာပြီး
"မင်းကများ အတင့်ရဲလှချည်လား။ ဟိုရောက်ရင် ကိုယ်လုပ်တော်ဖြစ်ရမှာကိုမေ့နေပုံပဲ။"
"မင်းသား အပြောဆိုဆင်ခြင်ပါ။"
"စစ်သူကြီး တောက်လျှောက် ငါ့ကိုပဲပြောနေတယ်။ ဒီကောင်ကိုကြတော့မတားဘူးလား။ သူအခု ခမည်းတော်ကို ရွံစရာကောင်လို့ပြောလိုက်တယ်မဟုတ်လား။"
စစ်သူကြီးဝမ် ဘာမှမပြောပဲ သက်ပြင်းသာချပြီး ငြိမ်နေလိုက်တယ်။
"မင်းတို့ရော ဘာမှဝင်မလုပ်ကြဘူးလား။ ငါ့ခမည်းတော်ကိုစော်ကားနေတာလေ။"
ရဲမက်တွေဆီ လှည့်မဲပြန်တော့ ရဲမက်တွေလည်း ခေါင်းသာငုံ့ထားကြလေ၏။
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။