တစ်လမ်းလုံးငိုယိုပြီးလိုက်လာသူက မသိရင် သူ့ကိုဖမ်းခေါ်လာသလိုပင်။ညီတော်ဖြစ်သူ ဘာကြောင့်ငိုနေတာလဲဆိုတာကို ရိပ်မိသလိုလိုရှိပေမယ့် တိကျလည်း မခန့်မှန်းရဲပေ။
နန်းတော်ကိုပြန်ရောက်လာတော့ ရှောင်းကျန့်ကို သတိရတဲ့သူတွေက ကြိုဆိုပြီး ငိုယိုကြပြန်သည်။ တိုင်းပြည်အေးချမ်းဖို့ ဒုက္ခသွားခံရတဲ့ မင်းသားကို သူတို့ကျေးဇူးမတင်ပဲ မနေနိုင်ပေ။
ယန်နိုင်ငံက စုန့်နိုင်ငံကို စစ်အင်အားရော လူအင်အားအရရော နိုင်ဖို့အခြေနေမှာမရှိပေ။ ယန်နိုင်ငံက နိုင်ခဲ့ရင်လည်း ချစ်ရသူစစ်သူကြီး အန္တရာယ်ဖြစ်မှာကို ပူပန်ရသည်။စုန့်နိုင်ငံ နိုင်သွားခဲ့ပြန်ရင်လည်း သူကကိုယ်လုပ်တော်အဖြစ် ပြန်သွားရမှာဖြစ်ပြီး အရင်လို အနေခြောင်မှာမဟုတ်ပေ။ အကြပ်တည်းတွေကြားမှာရှောင်းကျန့် ပူလောင်နေရသည်။
"ညီတော် ဘာကြောင့်ဝမ်းနည်းနေတာလဲ။ ယန်နိုင်ငံက အနိုင်ရမှာ မပူပါနဲ့။"
"အစ်ကိုတော်က ဘာလို့ပြောနိုင်ရတာလဲ။"
"အခု စုန့်နိုင်ငံက အရပ် ၆ မျက်နှာ စစ်မျက်နှာဖွင့်ပြီးအတိုက်ခံနေရတာပါ။"
"ဘာ....ဘယ် ဘယ်လို.."
"မင်းဆိုးမင်းညစ်ကို ဖယ်ရှားချိန်ရောက်ပြီထင်ပါတယ်။"
ရှောင်းကျန့်ဒူးတွေ ခွေကျသွားသည်။
"ကျွန် ကျွန်တော်ပြန်သွားမှ ဖြစ်မယ်။"
"ညီတော်။ မင်းဘာဖြစ်နေတာလဲ။"
"စစ်သူကြီးကို တပ်ဆုတ်ခိုင်းမှရမယ်။"
"မမှီတော့ဘူး။ မကြာခင်စစ်ပွဲစတော့မှာ။"
"ဟင့်အင်း.."
"ညီတော်.."
အစ်ကိုဖြစ်သူကရှောင်းကျန့်ကို အတင်းပဲဖမ်းချုပ်ထားရသည်။
"စစ်သူကြီးက ကျွန်တော့်ချစ်သူပါ။ ကျွန်တော်သွားမှဖြစ်မယ်။ သူမရှိရင် ကျွန်တော်လည်း အသက်မရှင်နိုင်ဘူး။"
ရှောင်းကျန့် ငိုပဲငိုနေတာကြောင့် အစ်ကိုဖြစ်သူကပုခုံးကို ထပ်ကြမ်းကြမ်းလှုပ်ပစ်လိုက်သည်။
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။