Part-6

3.7K 285 23
                                    

"ညီတော် ဆီကဘာသတင်းကြားသေးလဲ။"

"အဆင်ပြေပုံပါပဲ။ စစ်သူကြီးဝမ်က သူ့ကိုစောင့်ရှောက်ထားတယ်လို့ကြားတယ်။"

မင်းသားကြီးသက်ပြင်းချလိုက်သည်။ ညီတော်ကို ဆက်သလိုက်ပြီးတည်းက ရန်ရှာတာတွေမရှိတော့ပေမယ့် ညီတော်ကိုပို့ပြီးကတည်းက တစ်ရက်မှ စိတ်မချမ်းသာရပေ။

"ငါညီ‌တော်ကို ဘယ်လိုပြန်ခေါ်ရနိုင်မလဲ။"

"စုန့်မင်းကြီး နတ်ရွာစံသွားရင်တော့ ပြန်လာခွင့်ရမယ်ထင်ပါတယ်။"

"အဲ့တာမင်းပြောမှလား။ သတ်လို့ရရင်အစတည်းကသတ်ပစ်လိုက်ပြီ။ "

မနက်ဖြန်မင်းသားကြီး၏ နန်းတတ်ပွဲဖြစ်ရာ ညီဖြစ်သူကိုဖိတ်ခေါ်ရာ စုန့်မင်းကြီးကလွှတ်ပေးလေ၏။ အရင်လိုကိစ္စမျိုးမဖြစ်အောင် တပ်ရင်းတစ်ခုလုံးရှောင်းကျန့်အား စောင့်ရှောက်ရန် ထည့်ပေးလိုက်လေသည်။

______

"မင်းသားလေး အမွှေးနံ့သာတွေ အဆင်သင့်ဖြစ်နေပါပြီ။ အစ်ကိုတော်နဲ့တွေ့ရမယ်ဆိုတော့ပျော်နေမှာပေါ့။"

"အင်း....လီလီ ငါ့ကိုလှလှလေးပြင်ပေးစမ်းပါ။"

"ဟုတ်ကဲ့။ မင်းသားလေးကမပြင်ရင်တောင်မိန်းကလေးတွေထက်လှနေတာ။"

"ဟုတ်လား။"

ရှောင်းကျန့် သူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်း

"လှပေမယ့် အချစ်ရေးကံမကောင်းဘူး။"

" မင်းသားလေးကို ချစ်ပါတယ်။"

"ဘယ်သူကလဲ။ နင်လား။ နင်ချစ်တာဘယ်သူခံချင်လို့လဲ။"

ရှောင်းကျန့်မျက်စောင်းလေးထိုးတော့ လီလီကြိတ်ပြုံးလိုက်ပြီး

"နှုတ်ခမ်းလေးဖိလိုက်ပါဦး။ ပန်းနုရောင်လေးသန်းသွားတော့ပိုပြီးဆွဲဆောင်မှုရှိလိမ့်မယ်။"

ရှောင်းကျန့် ပန်းရောင်စက္ကူလေးကို နှုတ်ခမ်းလေးနှင့်ဖိလိုက်သည်။

"နှုတ်ခမ်းနီကို ပထမဆုံးဆိုးဖူးတာပဲ။"

"အရမ်းလှတာပဲ။"

လီလီက သူ့ဘာသာပြင်ပြီး တအံ့တဩကိုဖြစ်နေသည်။ ရှောင်းကျန့်က ပန်းနုရောင်ဂါဝန်လေးနှင့် မှုံနေအောင်ကိုလှနေတာဖြစ်သည်။ သူထွက်လာတော့ အပြင်မှာ မင်းကြီးနှင့်စစ်သူကြီးကိုပါတွေ့ရသည့်အခါ ခါးလေးကော့ကာ ခပ်ကျော့ကျော့လေးလမ်းလျှောက်သွားလိုက်သည်။ အမြဲမျက်လွှာချထားတတ်သည့် စစ်သူကြီးမှာ မျက်တောင်ခတ်ဖို့ကိုမေ့နေပြီး။ မင်းကြီးမှာတော့ ရုပ်ပျက်ဆင်းပျက်ကိုငေးနေတာဖြစ်သည်။

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)Where stories live. Discover now