နောက်နေ့မနက် ရှောင်းကျန့်အိပ်ယာနိုးတော့ ရိပေါ်ရဲ့ရင်ခွင်ထဲမှာဖြစ်သည်။ စစ်သူကြီးရဲ့ဇနီးဖြစ်ပြီဆိုတာ အိမ်မက်မဟုတ်ခဲ့ဘူး။ ရိပေါ်ကအင်္ကျီကိုကြိုးမချည်ပဲဒီတိုင်း ရင်ဘက်ကိုဟထားသည်။ ထိုအခါ ပေါ်နေတဲ့နို့သီးလေးကို မထိတထိလေးသွားစို့လေ၏။ရိပေါ်လည်းလန့်ပြီးနိုးလာရာ ရှောင်းကျန့်လုပ်ပုံကို ကြည့်ပြီး ပြုံးလိုက်သည်။
"ကြည့်ရတာ ကိုယ့် ဇနီးလေးက အားတွေရှိနေပုံပဲ။"
ရိပေါ်က သူ့တင်ပါးကိုညှစ်ကာပြောတော့ ရှောင်းကျန့် ရင်ခွင်ထဲကတိုးထွက်လိုက်သည်။ ရိပေါ်ကအထွက်မခံပဲ သူ့မျက်နှာကိုဆွဲယူပြီး နေရာအနှံ့အနမ်းတွေပေးတော့သည်။ တစ်ကယ်ချစ်လို့မဝတဲ့မျက်နှာလေးကို ပါးစပ်ထဲသာထည့်ငုံချင်နေတာဖြစ်သည်။
နန်းတော်ထဲ ဝင်ရန် ရိပေါ်ကို ရှောင်းကျန့်က အဝတ်စားကိုသေချာလေးဝတ်ပေးနေသည်။ အဝတ်သေချာဝတ်ပေးနေသူကို ကြည့်ရင်း ရိပေါ် ကြည်နူးရပြန်၏။ သူ ရှောင်းကျန့်ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ အခုထိကို မယုံနိုင်သေးတာဖြစ်သည်။
ရိပေါ်တို့ထွက်လာတော့ မားကစောင့်နေသည်။ အလုပ်တစ်ခုကို အမြဲစေ့စပ်တိကျအောင်လုပ်တတ်သည့် သားဖြစ်သူက မနေ့က မင်္ဂလာပွဲမှာအစီစဉ်မကျသွားတာကိုဆူပူလိုက်ချင်ပေမယ့်။ သူ့ဘေးက လူကိုကြည့်ပြီး ခွင့်လွှတ်လိုက်မိသည်။ သူ့သားလိုကျောက်တုံးကြီး အရည်ပျော်ပြီး ယောက်ယက်ခက်သွားလောက်အောင် တော်တော်လေးလှလွန်းသည်။ ယောက်ျားလေးဖြစ်နေတာတစ်ခုပဲ။
"မား...ရှောင်းကိုသေချာ ဂရုစိုက်ပေးပါ။"
ရိပေါ် စိတ်မချချင်းများစွာထားခဲ့ပြီးနောက် နန်းတော်ထဲကိုဝင်သွားသည်။ ညားခါစဇနီးလေးကို အိမ်မှာထားခဲ့ရတာမို့ ရိပေါ်ဖင်တကြွကြွဖြစ်နေရသည်။ အိမ်ပြန်ချိန်ရောက်တော့ မင်းကြီးတစ်ဖြစ်လဲ မင်းသား ၂ က။
"စစ်သူကြီး အကူညီတောင်းပါရစေ။ မကြာခင်ကျင်းပတော့မယ့် နန်းတွင်းစာမေးပွဲအတွက် အမှတ်ပေးစည်းမျဉ်းရေးဆွဲတာကူညီပါဦး။"
ဘယ်ချိန်ပဲ အကူညီတောင်းတောင်း မတုံ့မဆိုင်းတဲ့ ရိပေါ်က ခုချိန်မှာတုန့်ဆိုင်းနေတယ်။ ဒါကိုသဘောပေါက်တဲ့ မင်းကြီးက
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanficဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။