Part-3

4.1K 286 17
                                    

စစ်သူကြီးဝမ်က ဘေးပတ်လည် ကိုမော့ကြည့်လိုက်သည်။ မက်ဆောက်သည့်တောင်တွေပတ်လည်ဝိုင်းနေတာမို့ သူတို့အပေါ်တတ်ရန်ခက်ခဲပေသည်။ ထို့အပြင် ပြုတ်ကျသည့်အရှိန်ကြောင့် ရှောင်းကျန့်မှာခြေခေါက်သွားတာမို့ လမ်းတောင်မလျှောက်နိုင်တော့ပေ။

"အရှင်မင်းသား ဒီမှာ‌ခနနေခဲ့ပါ လိုအပ်တဲ့ဆေးရွက်တွေကျွန်တော်မျိုးသွားခူးလိုက်ပါမယ်။"

ထိုအခါ ရှောင်းကျန့်က သူ့ဝတ်ရုံစကိုဆွဲလျှက်

"စစ်သူကြီး မရှိခင် သားရဲတွေရောက်လာရင်ဘယ်လိုလုပ်မလဲ။"

ခိုကိုးရာမဲ့နေတဲ့ မျက်နှာလေးနှင့် ပြောလာတဲ့အခါ စစ်သူကြီးဝမ်သူ့ကို ဒီအတိုင်းမထားခဲ့နိုင်ပဲ ကုန်းပိုးလိုက်သည်။ ပြီးနောက်လိုအပ်သည့် ဆေးရွက်ရှာရန်ထွက်လာခဲ့၏။ တစ်လမ်းလုံးတော့စကားတွေမပြောပဲ တိတ်ဆိတ်နေသည်။ စစ်သူကြီးက ရှောင်းကျန့်ကို ကုန်းပိုးထားလျှက် ဆေးရွက်များကိုခူးဆွတ်ခဲ့သည်။

ပြီးနောက် လုံခြုံမယ့်ဂူတစ်ခုကို ရှာတွေ့ပြီး သူတို့အထဲဝင်လိုက်ကြသည်။ စစ်သူကြီးကရှောင်းကျန့်ကို ညှင်သာစွာချပေးပြီး ခူးလာသည့်ဆေးရွက်တွေကိုချေကာ ရှောင်းကျန့်ခြေထောက်ကိုလိမ်းပေး၏။ ပတ်တီးအနေဖြင့် သူ့အတွင်းအင်္ကျီအဖြူကို နှိုက်ပြီးဆွဲဖြဲကာ စီးပေးလိုက်သည်။အားလုံး ပြီးနောက် စစ်သူကြီးက အနီးနားကကျောက်တုန်းပေါ်မှာ မက်မက်ထိုင်နေ၏။

"စစ်သူကြီး.."

"......"

"စစ်သူကြီး ကျွန်တော့်ကိုဘာလို့ကယ်တာလဲ။"

စစ်သူကြီးက မျက်လွှာချထားရင်းနှင့်ပဲ

"ကျွန်တော့် တာဝန်ဖြစ်လို့ပါ။"

ပြီးနောက်နှစ်ယောက်သားတိတ်ဆိတ်သွားပြန်သည်။ တဖြည်းဖြည်းမှောင်ရိပ်ကျလာတော့ ရှောင်းကျန့်ဗိုက်ဆာလာသည်။ စစ်သူကြီးဆီမှာ ပေါက်စီသေးသေးလေးတွေပါလာတာမို့ ရှောင်းကျန့်ကိုပေးလိုက်သည်။

"နေ့လယ်တည်းကရေမသောက်ရသေးဘူးမဟုတ်လား။"

ရှောင်းကျန့်က ရေဗူးကိုကမ်းပေးတော့ စစ်သူကြီးက

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)Where stories live. Discover now