Ep - 2 {Uni & Zawgyi}

1.1K 80 5
                                    

2.Nov.2024

Unicode
.................

“နှောင်းအတွက် ပိုက်ဆံရှာတာလည်း ရှာတာပေါ့ ဟန်နီရယ်၊ ဒါပေမယ့် ကိုယ့်ကျန်းမာရေးကိုယ်လည်း ဂရုစိုက်ဦးမှပေါ့၊ နင်ကျန်းမာမှ နှောင်းကို ဂရုစိုက်နိုင်မှာလေ”

ဟန်နီ ချောင်းအဆက်မပြတ် ဆိုးနေတာကိုကြည့်ပြီး sister က စိတ်မချမ်းမြေ့စွာ ပြောလာသည်။

“အဟွတ် အဟွတ် အကယ်၍ ဟန်နီ အဟွတ် တစ်ခုခု ဖြစ်သွားရင် အဟွတ် နှောင်းအတွက် သူ့အဖေကို ဆက်သွယ်ပေးပါနော် အဟွတ် အဟွတ်”

ဟန်နီသည် တဖြည်းဖြည်း ပိန်ကျလာပြီး အသားတွေလည်း ပိုညိုညစ်ကာ ချောင်းကလည်း ပို၍ဆိုးလာတာသည်၊ ကိုယ့်ခန္ဓာကိုယ် အခြေအနေ ကိုယ်သိတာကြောင့် ပိုက်ဆံအကုန်ခံပြီး ကုသမနေတော့ပဲ နှောင်းနောင်ရေးအတွက်သာ စုဆောင်းထားလိုက်တော့၏၊ ဟန်နီစုလည်း ဘယ်လောက်စုနိုင်မှာလဲ၊ သူ့အဖေသည်သာ နှောင်းကို သေချာစောင့်ရှောက်ပေးနိုင်မှာပါလေ။

“နင်ပြောတော့ သူ့အဖေက ကလေးကိုတောင် ဖျက်ချခိုင်းခဲ့တာဆို၊ အဲ့လိုလူက သူသမီးကို စောင့်ရှောက်ပေးဖို့ လက်ခံမှာတဲ့လား”

“အဲ့ဒါက အဟွတ် အဟွတ် သူ့မိသားစုကြောင့်ပါ၊ သူ့သမီးကို မြင်ရင်တော့ အဟွတ် သူလည်း အဟွတ် သံယောဇဉ်ရှိမှာပါလေ”

“အဲ့လိုဆိုလည်း ပြီးတာပဲ၊ ဒါပေမယ့် ငါကတော့ နှောင်းအတွက် စိတ်ပူတာပဲလေ”

🍂

အမှတ်ထွက်လာတော့ နွယ်က မှန်းထားသည့်အတိုင်း ဆေးမှတ်ဝင်ပါသည်၊ ခိုင်ကတော့ မြန်မာစာနဲ့ ဇီဝဗေဒကလွဲရင် ကျန်တဲ့လေးဘာသာ ကျသည်။

“တော်သေးတာပေါ့၊ ငါးဘာသာပဲ ထွက်ပေမယ့် အမှတ်ပေါင်းက ငါးရာကျော်လို့”

အောင်စာရင်းထွက်တုန်းက ဆူခဲ့တဲ့ မေမေက အခုမှ စိတ်အေးသွားပုံပေါ်သည်၊ မေမေစိတ်အေးသွားတာကြောင့် နွယ်လည်း စိတ်အေးသွားရ၏၊ မြန်မာစာကလည်း ၇၄ မှတ်နှင့် ဂုဏ်ထူးကပ်လွဲသွားတာဖြစ်ပြီး ကျန်တဲ့ဂုဏ်ထူးရဘာသာတွေကလည်း အမှတ်တွေက ၉၀ ပင် ကျော်နေတာကြောင့် မေမေစိတ်အေးသွားရခြင်း ဖြစ်သည်။ 

Whisper of PainWhere stories live. Discover now