Ep - 3 {Uni & Zawgyi}

1.3K 85 7
                                    

5.Nov.2024

Unicode
.................

နွယ်တို့လည်း ကျောင်းအသီးသီး တက်နေပြီ ဖြစ်ပြီး ခိုင်ကလည်း ဒီဇိုင်နာသင်တန်း စ,တက်နေပြီ ဖြစ်သည်၊ နှောင်းကတော့ သိပ်မကြာခင် ခြောက်တန်းစာမေးပွဲ ဖြေရတော့မည်။

“ခိုင်စိတ်တိုမှာစိုးလို့ ခိုင့်ရှေ့မှာသာ မပြောတာ နှောင်းလေးက တကယ့်အချောလေး”

မမက သူ့ကျောင်းသားတွေဖြေထားတဲ့ စာတွေကို စစ်နေရင်း ပြောလာသည်။

“စာလည်း တော်တယ်မလား”

“အင်း စာလည်း တော်တယ်၊ ဉာဏ်လည်းကောင်းတယ်”

“ခိုင်လေးလည်း သူ့ဟာနဲ့သူတော့ လှပါတယ်”

မေမေက မမနဲ့ ဖေဖေ့စကားဝိုင်းထဲကို ဝင်ပြောသည်၊ သူကတော့ နားထောင်သူရယ်ပါ။

“ခိုင့်ကို မလှဘူး မပြောပါဘူး၊ ဒါပေမယ့် ခိုင်က အရမ်းအလှကြီးထဲမှ မပါပဲ၊ သာမာန်ပဲလေ၊ ကြည့်ပျော်ရှုပျော်ပဲ၊ နှောင်းလေးကကျတော့ အခုအရွယ်လေးနဲ့တောင် တော်တော်လှတာ၊ ကြီးလာရင်တော့ တော်တော်လှမှာ”

သူတို့ပြောတာလည်း ဟုတ်ပါသည်၊ နှောင်းက မျက်လုံးဝိုင်းဝိုင်း နှာတံစင်းစင်းလေးနှင့် နှုတ်ခမ်းကလည်း အသည်းပုံပုံစံ ဖူးဖူးလေး ဖြစ်ကာ ရယ်လိုက်ရင်လည်း သွားဖြူဖြူလေးတွေက စီတန်းနေ၏၊ ရယ်ခဲပြုံးခဲတာမို့ ရယ်ရင် ပိုလှသည်ဟု ထင်ရသလို အသံလေးကလည်း တကယ့်ကို နားဝင်ချိုသည့် အသံမျိုး ဖြစ်သည်၊ နားဝင်ချိုသည်ဆိုတာ အီချွဲနေသည့် အသံမျိုး မဟုတ်ပါဘဲနဲ့ သူ့အသံလေးကိုက အသံကြည်ကြည် ချိုချိုလေး ဖြစ်၏၊ ဒါ့အပြင် ဘဝကြမ်းခဲ့ပေမယ့် အသားအရေကအစ ခိုင့်ထက်ကို နူးညံ့ပြီး ဖြူအိဝင်းမွတ်နေတာပါလေ၊ အသေးစိတ် တစ်ခုချင်းစီက လှသလို အကုန်လုံး ခြုံကြည့်ရင်လည်း လှပါသည်၊ ကပြားသွေးပါသည့် နှောင်းက အပျိုဖော်ဝင်ခါနီး အရွယ်လေးမှာတင် လှသွေးကြွယ်သည့် အရွယ်ရောက်နေသည့် ခိုင့်ထက် အများကြီး ပိုလှနေတာပါလေ။

“ဒါပေမယ့် မိန်းကလေးတစ်ယောက် လှတယ်ဆိုတာ အနေအထိုင် မတတ်ရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ”

Whisper of PainWhere stories live. Discover now