Unicode
အခန်းထဲရောက်တော့သွယ်ဟာ ထိုက်တန်၏ပါးကို ဖြောင်းကနဲမြည်အောင်လွှဲရိုက်ပစ်လိုက်တော့သည်။ သူသိပ်ချစ်ရလွန်းလို့ လက်မပါခဲ့ဖူးတဲ့မောင့်ကိုအခုတော့သွယ်ဟာ ဒေါသနဲ့တုံ့ပြန်မိသည်။ မောင်ကတော့ ပါးစောင်းကိုလျှာထိုးပြီးပြုံးနေပြန်သည်။ အကြည့်တွေကတော့ အေးစက်လျက်ပင်။
''အဟွန်း!....သွယ် မင်းက သိပ်ရောင့်တက်နေတယ်ပေါ့လေ!''
''အ့ မောင့်!''
လည်ပင်းကို အားထည့်ညစ်ခံရသည့်ဒဏ်ဟာ တကယ်ပင်ဆိုးဝါးလှသည်။ အောက်စီဂျင်ပြတ်လပ်လာတာကြောင့် သွယ်မောင့်၏လက်တွေကိုအတင်းဖယ်ချမိပေမဲ့ မောင်ကတော့လွှတ်မပေးချေ။ သွယ်သေရတော့မှာလား......။
''မင်းသိပ်သေချင်နေရင်လည်း ခဏဘဲစောင့်သွယ်၊ အချိန်တန်မင်းကိုငါသတ်မှာ၊ မင်းမောင်မျက်နှာကြောင့် မင်းအခုထိအသက်ရှင်နေရတယ်ဆိုတာ မမေ့နဲ့ တောက်!''
ပြောပြီး ဆောင့်လွှတ်ချလိုက်တော့ သွယ်ကချောင်းတဟွတ်ဟွတ်ဆိုးသွားပြီး ထိုက်တန်၏ခြေထောက်ရှေ့ ဒူးထောက်ချကာ တောင်းပန်နေပြန်သည်။
''မလုပ်ပါနဲ့ မလုပ်ပါနဲ့မောင်ရယ် မောင်လေးကိုလည်း လွှတ်ပေးပါနော် မ တောင်းပန်ပါတယ် မောင်လေးမှာ ဘာအပြစ်မှမရှိပါဘူး သူက သူကအခုမှကလေးဘဲ ရှိသေးတာပါ ကျေးဇူးပြုပြီး သူ့ကိုပြန်လွှတ်လိုက်ပါနော် မ တောင်းပန်ပါတယ်''
မျက်ရည်ကြီးငယ်ကျပြီး ထိုက်တန်၏ခြေသလုံးကိုဖက်လို့ အသဲအသန်တောင်းပန်နေသည့် သွယ်ဟာ သူ့အတွက်တော့ ကြွက်လေးတစ်ကောင်သာသာပါဘဲ....သနားစရာကောင်းတယ်လို့ထင်ရပေမဲ့ ခက်တာက ထိုက်တန်စေမောင်ဆိုတဲ့သူက သနားတတ်တဲ့ကောင်မှ မဟုတ်ဘဲ....
'' သွယ်.....မောင်က တိမ်ယံကိုလွှတ်ပေးမယ်လို့ မင်းထင်နေတာလား....တိမ်ယံကမောင့်အတွက်ဘဲ မောင်ကဘာလို့ လွှတ်ပေးရမှာလဲ၊ သူ့ရဲ့ အသွေးတွေ၊အသားတွေကို မောင်ကအပိုင်သိမ်းပစ်မှာ အဲ့အချိန်ကျ မင်းကိုယူတုန်းကထက် ပိုပြီးခမ်းခမ်းနားနားနဲ့ လက်ထပ်ပစ်မှာ တစ်ခန်းထဲအတူနေပြီး သူ့ကိုမောင့်အောက်မှာ အော်ညည်းခိုင်းမှာ မင်းကိုမပေးခဲ့တဲ့မောင့်အချစ်တွေကို တိမ်ယံကိုအပြည့်အဝပေးမှာ သွယ်''