8

3.1K 189 43
                                    

Unicode




ဒီနေ့က တိမ်ယံ၏မွေးနေ့ဖြစ်ပေမဲ့ တိမ်ယံတစ်ယောက်အရင်လိုမျိုး ပျော်မနေပါ ။ အိပ်ရာပေါ်က သူကိုယ်တိုင်စိတ်ကြိုက်အပ်ထားသည့် ကြောင်အိင်္ကျီတွေကိုကြည့်လို့ မျက်ရည်လေးများ ဝေ့သီနေသည် ။ ဘာမဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်အတွက် ကြေကွဲနေခဲ့တော့ဆိုပေမဲ့လည်း တိမ်ယံဘယ်တုန်းကမှ တုံတုံအား တိရစ္ဆာန်တစ်ကောင်လို့သဘောမထားခဲ့ပေ ။ ကိုယ့်သားသမီးလိုကို သဘောထားခဲ့တာပေ ။

"ကလေး......''

အခန်းတံခါးရှေ့တွင် ကိုကိုက သူ့ကိုမျက်နှာတည်နဲ့ စိုက်ကြည့်နေတာသိပေမဲ့ သူပြန်မဖြေမိ ။ ကိုကိုက သူ့ကိုလိုတာထက်ပိုကပ်တွယ်လွန်းသည် ။ ဒါပေမဲ့လည်း သူ့ကုတင်ပေါ်က ပြေးဆင်းလိုက်ပြီး ကိုကို့စီပြေးဖက်ကာ ငိုချပစ်မိသည် ။ မြတ်နိုးရတဲ့အရာမှန်သမျှ မဆုံးရှုံးချင်တော့ပေ ။

"အင့်! ကိုကို အဟင့်!

"မငိုပါနဲ့ ကလေးရယ် ကြောင်လေးတစ်ကောင်ပဲဟာကို ကိုကိုပြန်ဝယ်ပေးမယ်လေ''

တကယ်တော့ ထိုက်တန်လိမ်ပြောနေတာပင် ကြောင်တစ်ကောင်ထပ်ဝယ်ပေးပြီး သူ့ကလေးရဲ့အချစ်ကိုမျှဝေရမည့်အလုပ် သူရူးတောင်လုပ်မည်မဟုတ်ပေ ။

ကလေးရဲ့ကျောပြင်ငယ်ကို ခပ်ဖွဖွလေး ပွတ်သပ်ချော့မြူနေရင်း ထိုက်တန်တောက်ပနေအောင်ပြုံးသည် ။ သူ့ရဲ့ရည်မှန်းချက်ကြီး မကြာခင်ဖြစ်လာတော့မည်ထင် ။ ကလေးလည်း အသက်ပြည့်ဖို့နောက်တစ်နှစ်သာလိုတော့သည် ။ ထိုအခါ သူကွာရှင်းပြီး ကလေးကိုလက်ထပ်မည် ဘယ်လောက်တောင်ကျေနပ်ဖို့ကောင်းလိုက်သလည်းလေ ။

"မွေးနေ့ကြီးမှာ မငိုပါနဲ့ ကလေးရာ နော်....''

"ယံယံ အရမ်းဝမ်းနည်းရတယ် ကိုကို''

"အင်း ကိုကို သိတယ် ''

"ကိုကို တုံတုံက ယံယံကိုမချစ်ဘူး ထင်တယ်နော် ယံယံကိုထားသွားတယ်''

"သူမချစ်လဲ ကိုကိုချစ်တယ် ''

"ဟင်.....''

"သြော်.... ယံယံကို မမရော ကိုကိုရော ယံယံ မေမေနဲ့ဖေဖေရောက ချစ်တယ်လို့ ပြောတာပါ''

ချစ်တစ္ဆေ Where stories live. Discover now