နန်းဆောင်ဆီရောက်တော့ ဆေးဆရာကရှောင်းကျန့်အား အဖျားသက်သာအောင်ဆေးတွေပေးသည်။ ထိုဆေးတွေကို အစေခံမလေးက သေချာရောစပ်ကာရှောင်းကျန့်အားတိုက်လေ၏။
"ကျွန်မနာမည် လီလီပါ။ သခင်ရဲ့ အစေခံတာဝန်ယူရသူဖြစ်ပါတယ်။"
ရှောင်းကျန့် ဟိုကြည့်ဒီကြည့်နှင့် စစ်သူကြီးအားရှာဖွေမိပေမယ့်မတွေ့ချေ။ ဒီဒါဏ်ရာကသူ့ကြောင့်ဖြစ်တာကို နဲနဲမှလာမကြည့်ဘူးလား။ စစ်သူကြီးဆိုတဲ့အတိုင်း အသဲမာတာပဲ။
ထိုနေ့တစ်နေ့လုံးနှင့် တစ်ညလုံးအိပ်လိုက်နိုးလိုက်ဖြင့် အချိန်ကုန်သွားခဲ့ပြီး နောက်မနက်မှာတော့
"ဆေးဆရာကြီး သူ့အခြေနေဘယ်လိုလဲ။"
"သက်သာလာပါပြီ စစ်သူကြီးဝမ်"
စစ်သူကြီးအသံကြားတော့ ရှောင်းကျန့်အမြန်ပဲ အိပ်ရာမှ ပြေးထွက်လာသည်။ အပြင်မှာတော့ စစ်သူကြီးနှင့် ဆေးဆရာကထိုင်နေ၏။
"သက်သာပါရဲ့လား ကျွန်တော်မျိုးစမ်းသပ်ခွင့်ပြုပါ။"
ရှောင်းကျန့် ဆေးဆရာကို လက်ပေးလိုက်ပြီး ရိပေါ်ကိုလှမ်းကြည့်လိုက်သည်။
"စစ်သူကြီး အားရင် ငါနဲ့အဖော်ပြုပေးပါလား။"
"စိုးရွံ့ပါတယ်။ လေ့ကျင့်ရေးရှိလို့ပါ။"
စစ်သူကြီးက သူ့ကိုတစ်ချက်တောင်မကြည့်ပဲ
"ဒါဆို ထားခဲ့ပါမယ်ဆေးဆရာကြီးကသေချာဂရုစိုက်ပေးပါ။ သူကမင်းကြီးရဲ့ ကိုယ်လုပ်တော်ဆိုတာသိတယ်မလား။"
စစ်သူကြီးကထိုသို့ပြောပြီး ထထွက်သွားသည်။ ရှောင်းကျန့် လက်သီးလေးတွေတင်းနေအောင်ဆုပ်ပြီး ရင်ထဲမှာနာကျင်လာ၏။
"အဆင်ပြေရဲ့လား ကိုယ်လုပ်တော်ရှောင်း..ဘယ်နား နာလို့လဲ။"
ရှောင်းကျန့်ခေါင်းခါပြီး လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။
"ကျေးဇူးပါပဲ။ ငါဘာမှမဖြစ်ဘူး။"
ရှောင်းကျန့်နေရသည့်နန်းဆောင်က ဖြတ်သွားဖြတ်လာလည်းသိပ်မရှိသလိုခြောက်ကပ်နေသည်။ သူတစ်နေ့တစ်နေ့ စစ်သူကြီးကိုမျှော်နေပေမယ့် လုံးဝရောက်မလာခဲ့ပေ။ စစ်သူကြီးကိုမျှော်နေသလို မင်းကြီးသူ့ကိုခေါ်မယ့်အချိန်ကိုလည်းစောင့်နေပေမယ့် ခုချိန်ထိ မင်းကြီး၏အရိပ်အယောင်မတွေ့ရပေ။ စတွေ့တည်းက ငမ်းငမ်းတတ်ဖြစ်နေတဲ့ဘုရင်အိုကြီးက သူ့ကိုမခေါ်တာအကြောင်းတစ်ခုခုတော့ရှိလိမ့်မည်။
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။