အူဝဲ...အူဝဲ....အူဝဲ...
'ည ၇:၄၅မိနစ် ၂၂ရက် ၂လ ၂၀၀၂....ယောက်ျားလေး'
သားဖွားမီးယပ်ဆရာဝန်ကြီးမှ ကလေး၏မွေးချိန်၊မွေးရက်များနှင့် genderများကိုပြောပြီးသည်နှင့် လက်ထောက်သူနာပြုများက ချက်ကြိုးဖြတ်၊ သန့်ရှင်းရေးလုပ်ပေးပြီး အနှိီးနှင့် သေချာစွာထုပ်ပေးကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~
ခွဲခန်းထဲမှ ဆရာဝန်များထွက်လာသည်နှင့် တပြိုင်နက်
'ဒေါက်တာ ကျွန်မမြေးချွေးမ နဲ့ မြစ်လေး...'
'မိခင်ရော ကလေးပါကျန်းမာပါတယ်...ယောက်ျားလေးမွေးပါတယ်ရှင် ပေါင်လည်းပြည့်ပါတယ်'
'ရက်မစေ့သေးဘဲမွေးလို့စိုးရိမ်နေတာ...တော်သေးတာပေါ့ ဘုရားသိကြားမ,လို့သာဘဲ'
'ဒါဆို ခွင်ပြုပါဦးရှင်'
'ဟုတ်ကဲ့ပါ ဒေါက်တာ'
ဆရာဝန်များထွက်သွားပြီးသည်နှင့် ကလေး၏ဖခင်ဟုထင်ရသောသူသည် အမောတကောနှင့်ပြေးလာလေသည်။
'အမေကြီး ကေသီနဲ့ကလေး အခြေအနေလေး...'
'မိခင်ရော ကလေးရော ကျန်းမာတယ်တဲ့...မင်းနှယ် အချိန်ပြည့်အလုပ်ပဲလုပ်နေတာ မိန်းမနားမှာနေမယ်မရှိဘူးကွယ် အခုလည်းကြည့် မိန်းမကခွဲခန်းထဲရောက်နေမှ နယ်ကနေ အပြေးတစ်ပိုင်းရောက်ချလာတယ်..ဘယ်ဟာမှကြိုတင်စီစဥ်ထားတယ်ကိုမရှိဘူး.....'
'နောက်မှဘဲဆူပါဗျာ..ရက်မစေ့ဘဲမွေးမယ်လို့မှမထင်တာ ဒါနဲ့လေ ဘာလေးမွေးတာလဲဟင်'
'ယောက်ျားလေးဟေ့ ယောက်ျားလေး'
ထိုအခါမှကလေးအဖေဖြစ်သူ၏ မျက်နှာသည် အောင်နိုင်သူတစ်ယောက်နှယ် ဝံ့ကြွားသောအပြုံးကို မျက်နှာထက်တွင်ချိတ်ဆွဲထားသည်။ ပါးစပ်မှလည်း နိုင်ပြီကွ ဟုလည်းရယ်မောစွာပြောနေလေသည်။ ထိုသို့ပြောနေသည်ကို ကလေးအဖေ၏အဖွားဖြစ်သူ တစ်နည်းအားဖြင့် မေမေကြီးဆိုသူက
'စိုင်းဝဏ္ဏ တစ်ယောက်ရူးလေပြီနဲ့တူတယ်...သေသွားတဲ့ငါ့သားကိုသနားပါဘိ ဒီလိုအရူးသားမျိုးရှိနေတာကို...ဟင်းးးးး'
ဟုတ်ပါသည်။ ကလေးအဖေ၏နာမည်မှာ စိုင်းဝဏ္ဏဖြစ်သည်။ ဇနီးဖြစ်သူကတော့ ကေသီအောင်ဖြစ်သည်။ စိုင်းဝဏ္ဏ နှင့် ကေသီအောင် တို့သည် လက်ထပ်ပြီး တစ်နှစ်ကျော်အကြာတွင် သားဦးလေးကိုဖွားမြင်ခဲ့ခြင်းဖြစ်သည်။ စိုင်းဝဏ္ဏတို့သည် ရှမ်းတိုင်းရင်းသားများဖြစ်သည်။ သူသည် မေမေကြီးဟုခေါ်သော အဖွားဖြစ်သူ ဒေါ်နန်းမွေခမ်း နှင့်အတူနေထိုင်လေသည်။ သူ၏အဖေနှင့်အမေသည် သူ ငယ်စဥ်ကတည်းကပင် car accidentဖြစ်ကာ ဆုံးပါးသွားကြလေသည်။
~~~~~~~~~~~~~~~~~~~~~~
'ဟင်...ပီအိုက် ဘာလို့ငိုနေတာလဲ'
'နောင့်ယိင်း...သူ..သူလေ..သူပြန်လာပြီ..သူပီအိုက်ဆီပြန်လာတော့မှာတဲ့'
ဟုဆိုကာ ပီအိုက်ဆိုသူက ငိုယိုကာပြောလေသည်။
'ရှင်..ပီအိုက်ပြောတဲ့ သူ ဆိုတာ ပီနွန်...'
ပီအိုက်ဆိုသူက ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ မျက်ရည်များသွင်သွင်စီးကျလျက်
'ဟုတ်တယ်...သူပဲ စိုင်းခမ်နွန်..ပီအိုက်ကိုဒီနေရာကနေလွတ်မြောက်အောင်လုပ်ပေးမယ့်သူ...နောင့်ယိင်းရဲ့ပီနွန်ကို ပီအိုက်ဆီလွှတ်ပေးပါနော်..နော် နောင့်ယိင်း...ပီအိုက်ကိုကူညီနော်'
'နောင့်ယိင်း ပီအိုက်တို့ကိုကူညီမှာပါ..ကူညီမှာမို့လို့ပဲအခုချိန်ထိ အသက်ရှင်နေတာလေ'
ပီအိုက်က အငိုမပြတ်သေးဘဲ ခေါင်းညိတ်ပြလေသည်။ ထို့နောက် အမှောင်ထုထဲတဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ တစ်ဆက်တည်းမှာပင်
'ပီအိုက်နေပါဦး....မသွားနဲ့ဦးလေ...ပီနွန် ပီနွန်ကအခုဘယ်မှာလဲဟင်....သူဘယ်သူ့ဆီမှာ ပြန်မွေးဖွားလာတာလဲ.....ပီအိုက်!...ပီအိုက်!...ပီအိုက်!'
နောက်ဆုံးအော်ခေါ်လိုက်သော အသံ၏အဆုံးတွင် ဒေါ်နန်းမွေခမ်းတစ်ယောက် အိပ်မက်မှလန့်နိုးလလေတော့သည်။ အတွေးထဲတွင်လည်း ပီအိုက်ပြောခဲ့သောစကားများနှင့် ပီနွန်ကိုဘယ်မှာရှာရမလဲဟူသော မေးခွန်းများကပြည့်နေလေသည်။ ထိုညတွင် ဒေါ်နန်းမွေခမ်းတစ်ယောက် ဆက်၍အိပ်မရတော့ဘဲ ပီနွန်ကိုရှာရန်သာစိတ်စောမေတော့သည်။
~~~~~~~~~~~~~
4.11.24
TBCပထမဆုံးရေးတဲ့ficဖြစ်တဲ့အတွက် စာအရေးအသားညံ့ဖျင်းမှုကိုသည်းခံပေးပါရှင်။
တခြားficတွေထဲကဇာတ်ကောင်နာမည်တွေနဲ့တူညီမှုရှိနေရင်လည်း လာပြောလို့ရပါတယ်