'မေမေကြီးရေ သန်ဘက်ခါ သားရဲ့ရက်၁၀၀ပြည့်မွေးနေ့နဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲအတွက်လေ ရှမ်းကိုယ်တော်ကြီးကို လျှောက်ပေးပါဦး'
ဒေါ်ကေသီအောင်က ကလေးကိုနို့တိုက်ရင်းနှင့်ပြောလေသည်။
'စိုင်းဝဏ္ဏက သွားမလျှောက်ဘူးတဲ့လား'
'သူကသွားလျှောက်မယ်ပြောပါတယ် ကေသီကမသွားခိုင်းတာ ကိုစိုင်းကဒီရက်တွေထဲမှာအလုပ်တွေရှုပ်နေတာကတစ်မျိုးရယ် သားကညဘက်တွေ ထငိုရင် သူပဲထချော့ရတာလေ....အဲ့လိုတွေနဲ့မို့ သနားလို့ပါမေမေကြီးရယ်'
'အေ့ပါအေ့ပါ....ညည်းတို့လင်မယားတွေပဲချစ်ပြနေလိုက်ကြပါ...ဒီကအဖွားကြီးကပဲသွားလျှောက်လိုက်ပါ့မယ် ဟုတ်လား'
'ဟီးဟီး...ဟုတ်မေမေကြီး ဒါဆိုသမီးကလေးကိုသွားသိပ်လိုက်ဦးမယ်နော်'
'အေးအေး သွား'
ရက်၁၀၀ပြည့်ဆိုမှပဲ ပီအိုက်လဲငါ့ကိုအိပ်မက်မပေးတော့ပါလား။မြစ်လေးမွေးပြီးတဲ့ရက်ကတခါပဲပေးပြီးတော့မပေးတော့တာ မြစ်လေးတောင်သန်ဘက်ခါရက်၁၀၀ပြည့်ပြီ။ကိုယ်တော့်ဆီသွားရင်းနဲ့ တခါထဲ မေးကြည့်မှပါလေ။
'မောင်မြတ်နောင်ရေ ကိုယ်ဝောာ်ကြီးဆီသွားမလို့ ကားထုတ်ထားပါဦးကွယ်...'
'ဟုတ်ကဲ့ မေမေကြီး'
ထိုနေ့က ရှမ်းကိုယ်တော်ကြီးနှင့်မတွေ့ခဲ့ရပေ။ရှမ်းကိုယ်တော်ကြီးသည် မွေးရပ်မြေဖြစ်သော ကျိုင်းတုံမြို့ကိုပြန်သွားသောကြောင့်ဖြစ်သည်။ထို့ကြောင့်ဖုန်းနှင့်သာ လျှောက်လိုက်ရလေသည်။
~~~~~~~~~~~~~~~~~~~~~~
ရက်၁၀၀ပြည့်မွေးနေ့တွင်ဖြစ်သည်.....
'ကိုယ်တော်ကြီး ဒါ စိုင်းဝဏ္ဏနဲ့ကေသီအောင်ရဲ့ သားဦးလေးပါဘုရား'
ဒေါ်နန်းမွေခမ်းကဦးစွာ လျှောက်တင်လိုက်သည်။
ကိုယ်တော်ကြီးက ကလေးကိုကြည့်၍သက်ပြင်းချကာ'အင်းးး.....ပဌာန်းဆက်တွေပဲကို...ဒီကလေးကထူးခြားတဲ့ကံတရားနဲ့လာခဲ့တာကွယ့်...ကိုယ်တော်ပြောတာသေချာနားစိုက်ကြ ဒကာနဲ့ဒကာမတို့ ကလေးကို သိပ်မပိတ်ပင်ကြလေနဲ့ အထူးသဖြင့်သဘာဝတရားနဲ့ဆန့်ကျင်ပြီး သူတခုခုလုပ်ချင်တာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုချစ်နေတယ်ဆိုရင်ပဲဖြစ်ဖြစ် မတားဆီးကြနဲ့ ဒါတွေကရှေးရေစက်တွေပဲ...အရင်ဘဝကမပေါင်းဖက်ခဲ့ကြရလို့ ဒီဘဝမှာပေါင်းဖက်ကြရတယ်လို့သဘောထား ဟုတ်သလားကွဲ့'