ရွက် (bl)
Part 26
-----------ကြား၌ အခန်းသုံးခန်းခြားကာ ဟိုဘက်ထိပ် ဒီဘက်ထိပ် ထောင့်ချိုး တစ်ခုစီမှာ မျက်နှာချင်းဆိုင်ရှိနေသော အခန်းနှစ်ခန်းလုံးဟာ လှုပ်ရှားမှု ကိုယ်စီဖြင့်....
ရွက်ရဲ့ အခန်းမှာ လူနာသတင်းမေးသူ လူနာစောင့်ကြည့်သူတို့နှင့် လှုပ်ရှားသက်ဝင်နေတာက မဆန်းလှသော်လည်း...
တစ်ယောက်တည်းရှိနေသော ဆစ် အခန်းရဲ့ လှုပ်ရှားမှုကတော့ ပုံမှန် မဆန်ခဲ့ ....
တစ်ယောက်တည်း ထလျှောက်လိုက် ကုတင်စွန်းပေါ် ပြန်ထိုင်ချလိုက်နှင့်...
ဆစ် တစ်ယောက်တည်းသာ တရွရွ တကြွကြွ ဖြစ်နေခြင်းပါ...
တစ်အိမ်တည်းနေပြီး သတင်းမမေးဘဲနေလိုက်ဖို့ သင့်တော်ပါ့မလားဆိုတဲ့ အတွေးကို ...
ငါက အကျဉ်းသားပဲလေ ဆိုတဲ့ ခပ်ရွတ်ရွတ် စိတ်နဲ့ ချေဖျက်နေပေမယ့်....
တကယ်တမ်းကျ ဆစ် အဆင်မပြေ...
ထိုလူ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးရုံရောက်နေတယ်လို့ ကြားလိုက်ရကတည်းကပဲ ဆစ် ကိုယ်တိုင်ရဲ့ နာကျင်မှုက ပျောက်ရှသွားခဲ့တာလားမသိ....
ဆေးရုံအထိ လိုက်ကြည့်ဖို့တော့ မရည်ရွယ်ခဲ့သလို လုပ်ခွင့်လည်း မရှိနိုင်တာ သိနေ၍ အစ်ကိုချိန်းဆီကသာ အခြေနေ နားစွင့်ခဲ့ပေမယ့်...
အိမ်ပြန်ရောက်လာချိန်မှာတော့ ဆစ် သွားကြည့်ချင်မိသည်....
ထိုလူအတွက် မလိုအပ်ဘူးဆိုတာ သိသိနဲ့ လုပ်ချင်နေမိသည်ကလည်း ဆစ်ရဲ့ ဆန္ဒ သက်သက်သာ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဖြောင့်ဖျနေလည်း တားဆီးမရနိုင်ခဲ့...
ရွက် အခန်းရဲ့ အခြေနေကို စောင့်ကြည့်နေမိရင်း ဧည့်သည်ဟု ထင်ရသူ ပြန်ထွက်လာခဲ့ပြီး အစ်ကိုချိန်းတို့ပါ ထိုဧည့်သည်နှင့်အတူ ထွက်လာကာ အောက်ထပ်သို့ ဆင်းသွားကြတာ မြင်လိုက်ရတော့ ဆစ်လည်း ကိုယ့်အခန်းရဲ့ အပြင်သို့ ထွက်လာမိတာက မသိစိတ်ရဲ့ စေ့ဆော်မှုအတိုင်း...
အခန်းပြင်ရောက်လာသော ဆစ်...
ရွက်အခန်းရှိရာဆီသို့ တွေတွေဝေဝေဖြင့်ပင် လှမ်းလာခဲ့ပြီး...
YOU ARE READING
ရွက် (bl) ongoing
Romans"ငါက အချစ်ဆိုတာကြီးကို သိလည်းမသိသလို သိလည်းမသိချင်ဘူး အဲ့ဒါကြောင့် ခံစားချက်အပိုတွေရော ကာမစပ်ယှက်မှုရော ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို မင်းသိထားပါ... အရင်တုန်းက တခြားလူတွေကို မြှူစွယ်ပြီး မင်းလိုအပ်သမျှတောင်းဆိုခဲ့သလိုမျိုး အခု ငါ့ကိုလည်း အဲ့လိုလုပ်နိုင်...