Part (28)

24 7 0
                                    

ရွက် (bl)
Part 28
--------------

"ဒုန်း!!!"

"ဟ..."

"ဘာသံလဲ Black "

"မသိဘူး တိုင်း...
ခြံရှေ့က ထင်တယ်... "

ပြောပြောဆိုဆို ကျယ်လောင်သော အသံလာရာဆီသို့ သွားကြည့်ဖို့ Black အလျင်အမြန် ထွက်သွားတော့...

အလုပ်ကိစ္စနဲ့ အပြင်သွားဖို့ ဆင်းလာခဲ့သည့် တိုင်းပါ လိုက်ထွက်လာခဲ့သည် ....

Black ရော တိုင်းပါ အိမ်တံခါးမကြီးရဲ့ အပြင်သို့ မရောက်ခင်မှာပဲ...

"ဝေါ!!! ကျွီ!!!"

အရှိန်ဖြင့် မောင်းဝင်လာသောကားတစ်စီးက ဆင်ဝင်အောက်တွင် ပရမ်းပတာဆန်စွာ ထိုးရပ်လာတာကြောင့်....

နှစ်ယောက်သားတင် မကဘဲ ခြံထဲရှိ လုံခြုံရေးတွေပါ စုပြုံဝိုင်းအုံလာပြီး ရပ်လိုက်သော ကားကို သတိကြီးစွာနဲ့ အာရုံစူးစိုက် ကြည့်နေကြဆဲမှာပဲ...

ကားတံခါးပွင့်လာကာ ဣန္ဒြေမပျက် ဆင်းလာသူက...

"ရွက်..."

Black ဆီက အာမေဋိတ်သံ ထွက်သွားသလို...

တိုင်း မှာလည်း မထင်မှတ်ထားခြင်းဖြင့် မျက်မှောင် တွန့်ကွေးလျက်.....

ဒီကောင် ကိုယ့်ပိုင်နက်အထိ ဘယ်လိုရဲတင်းမှုနှင့် ရောက်လာခဲ့သလဲ...

အားလုံးရဲ့ တင်းမာသော အကြည့်တို့ကို ဂရုမပြုပုံ ဖမ်းထားသော ရွက်ဆိုတဲ့ကောင်ကတော့ လာနေကျနေရာကို ရောက်လာခဲ့သူလို အချိုးမျိုးဖြင့်...

"အားနာပါတယ်ဗျာ...
ကျွန်တော် ခင်ဗျားနဲ့ တွေ့ဖို့လာခဲ့တာပါ...

ခွင့်တောင်းပြီးမှ တွေ့ဖို့ပါပဲ...

ဒါပေမယ့် ခင်ဗျားခြံရှေ့ရောက်တော့

ကျွန်တော့်ကားဘရိတ်က ချွတ်ယွင်းသွားပုံရတယ်....

အခုလို ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး... "

ပြုံးထေ့ထေ့ ပြောလာသော ရွက်စကားကြောင့် တိုင်း ခြံဝတံခါးမကြီးဆီ အကြည့်ရောက်သွားရတော့...

ကားဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်ခြင်း ခံထားရသော သံပန်းတံခါးမကြီး တစ်ခုလုံးဟာ ကွေးလိန် ပျက်ဆီးလျက်သားနဲ့...

ရွက် (bl) ongoingWhere stories live. Discover now