အပိုင်း ၃၄
ကောင်မလေးတစ်ယောက်ကားမောင်းရင်းစကားပြောလိုက် ပြုံးလိုက်နှင့် သူမဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ သူမရဲ့စိန်ပွင့်လိုတလက်လက်ဖြစ်နေသော မျက်ဝန်းနှင့်မျက်နှာထက်ကအပြုံးများကသက်သေပြနေလေသည်။
"မား....နော် ခြွေ့ကိုလိုက်စနေပြန်ပြီ..."
"အမလေး မဟုတ်လို့လား မီးလေးရယ်...ကြာရင်မားတို့မိဘတွေလည်း သကာရည်အိုးထဲပြုတ်ကျတော့မယ်"
"ကိုကိုက ခြွေ့ကိုချစ်တာ မားရဲ့ ပါးက မားကိုချစ်တာတောင်မီတာမဟုတ်ဘူး.."
"အို....ဘယ်လိုတွေပြောနေတာလဲ...သမီးရဲ့ပါးက မကြီးမငယ်နဲ့ ရှက်ကြောဖြတ်ထားသလားထင်ရတယ်"
"ပါးက ချစ်တာပါမားရဲ့..."
"သားကလည်းသမီးကိုဘယ်လောက်တန်ဖိုးထားလဲ မိဘဖြစ်တဲ့မားတို့ကသိတာပေါ့ မီးလေးရယ်...သားရှေ့မှာသွားမပြောမိစေနဲ့နော် တော်ကြာ သားရာဇ်စိတ်မကောင်းဖြစ်နေမယ်"
"ခြွေသိပါတယ် မားရဲ့ ကိုကိုကခြွေ့ကို ဘယ်လောက်ချစ်လဲဆိုတာ ခြွေက မားကိုစတာပါ.."
"သမီးလမ်းမှာပဲရှိတုန်းလား"
"ဟုတ်တယ်မား... မရောက်သေးဘူး လမ်းမှာပဲရှိနေတုန်း မား..."
"ညနေကျ သားရာဇ်ကိုDinner စားဖို့ခေါ်ခဲ့ပါဦး.."
" Dinner လား... ဟုတ်...မား ခြွေပြန်ပြောမယ်လေနော်...ကိုကို့ရဲ့ schedule ကဘယ်လိုလဲ ခြွေမေးပြီး
ပြန်ပြောမယ်လေမား...""ဖုန်းပြန်ဆက်ပေးနော်သမီး မား သားအကြိုက်ချက်ကျွေးရအောင် စျေးသွားရမယ်"
"မားနော်....မတော်ရသေးတဲ့ သမက်လောင်း အကြိုက်ချည်းပဲမချက်ထားနဲ့ ..ဟွန့်...ခြွေ့အတွက် ပြည်ကြီးငါးသုပ်စပ်စပ်လေးပါလုပ်ထားပေးနော်..."
"ကဲ...ဒီကောင်မလေးတော့ အမေကိုလာနောက်နေပြန်ပြီ သမီးလေးတစ်ယောက်ပဲရှိတာကို မားကပစ်ထားစရာလား.."
"ဟင်း...ဟင်း....ခြွေကစတာပါ ဒါပဲနော်မား..မီးပွိုင့်ရောက်တော့မှာမလို့...."
ခြွေမားကိုဖုန်းပြောရင်းနဲ့ ရှေ့အကွေ့ကိုကျော်ပြီးရင်မီးပွိုင့်နီးပြီမလို့မားအားဖုန်းချဖို့ပြောလိုက်ရလေသည်။ကားကိုကွေ့ရန်စတီယာတိုင်ဆွဲအလှည့်ရှေ့ကပေါ်လာသော light truck ကြောင့်....
YOU ARE READING
တန်ဖိုးထားပြီးချစ်ပေးမယ်
Romanceအမှတ်တမဲ့တွေ့ဆုံခြင်းကနေသံမှိုစွဲရိုက်ထားသလိုကိုယ့်အသက်၂၅ကနေ ခု ၃၄ထိမင်းတစ်ယောက်တည်းကိုပဲကိုယ့်ရင်ထဲမှာနေရာပေးခဲ့တာ.... မင်းမှမဟုတ်ရင်...ကိုယ်ရင်မခုန်တတ်တော့ဘူး..Bae ပဒေသရာဇ် Birthday (9.9.1991)... 34 yrs Lion Land Co.ltd ဥက္ကဋ္ဌ Lion Land Hotel...