အပိုင်း ၃၅....
"အင့်....ဘုတ်... "
"ဟာ...sorry ပါ ဗျာ... "
"ရပါတယ်...ခြွေလည်းမမြင်မိလိုက်လို့ပါ.. "
ခြွေ ဦးရာဇ် အတွက် နက်ခ်တိုင် လာဝယ်ပြီး အပြန်ဆေးရုံဝင်မည်အစီအစဥ်ဖြင့် Bluesky Center ကို ရောက်လာခြင်းဖြစ်သည်။ဆိုင်အပြင်ပြန်အထွက် အဝင်အဝမှာ ယောကျ်ားလေးတစ်ယောက်နဲ့ မထင်မှတ်ပဲဝင်တိုက်မိတော့လက်ထဲက ပစ္စည်းတချို့ပြုတ်ကျ ကုန်လေသည်။
ဟာ....
တေဇ သူတိုက်မိသောကောင်မလေးကို တောင်းပန်စကားပြောရင်းနဲ့ပစ္စည်းတွေ ကောက်ပေးပြီး သူမလေးလက်ထဲထည့်ပေးပြီး မော့ကြည့်လိုက်တော့ သူ့ရင်ထဲ တလှပ်လှပ်ခုန်သွားရလေသည်။လှရက်လွန်းတဲ့ တကယ့်နတ်မိမယ်လေး။သူ့ရင်ခုန်သံလိပ်ပြာကိုဖမ်းစားသွားသော ရှုမငြီးစဖွယ်ကောင်းလှသော အလှနတ်ဖုရားလေး။အဲ့လိုမှန်းသိခဲ့ရင် သူမြန်မာပြည်ကို စောပြီးပြန်လာခဲ့ပါတယ်။အဲ့လိုဆို ဒီအလှမိဖုရားလေးနှင့် စောတွေ့နိုင်သည်လေ။
"ကျေးဇူးပါရှင့်...သွားခွင့်ပြုပါဦး"
ခြွေတဖက်လူဆီက သူမ ပစ္စည်းတွေ ကိုယူပြီးနောက် နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့လိုက်သည်။
"ဟို ခဏနေပါဦး ဗျ..."
ခြွေ ခြေလှမ်းနှစ်လှမ်းမျှလှမ်းရုံရှိသေး သူမအားတားဆီးလာသောအသံကြောင့်ပြန်လှည့်ကြည့်လိုက်မိတော့ ထိုလူဖြစ်နသည်။
" ကိစ္စရှိလို့လား ရှင့်... ခြွေကတော့ ဒီကလူကို ပထမဆုံးတွေ့ဖူးခြင်းပါ.."
"ဟို... ကျွန်တော်လည်းပထမဆုံးတွေ့ဖူးခြင်းပါ...
ကျွန်တော်က သြဇီက ပြန်ရောက်တာ မကြာသေးဘူးလေ...""အာ...ဟုတ်ကဲ့ရှင့်...ခွင့်ပြုပါဦး... "
ဘယ်လိုလူလဲမသိဘူး...။ခြွေသူမအားကြောင်တောင်
တောင်ဖြင့်လာရောနေသောသူကြောင့် ထပ်နှုတ်ဆက်စကားပြောလိုက်ရလေသည်။"ရိုင်းတယ်ထင်ရပေမယ့်...ဟို ခင်မင်ခွင့်လေးရမလားဗျ...ကျွန်တော်ကပြန်ရောက်တာမကြာသေးတော့ အပေါင်းအသင်းမရှိသေးလို့ပါ..."
YOU ARE READING
တန်ဖိုးထားပြီးချစ်ပေးမယ်
Romanceအမှတ်တမဲ့တွေ့ဆုံခြင်းကနေသံမှိုစွဲရိုက်ထားသလိုကိုယ့်အသက်၂၅ကနေ ခု ၃၄ထိမင်းတစ်ယောက်တည်းကိုပဲကိုယ့်ရင်ထဲမှာနေရာပေးခဲ့တာ.... မင်းမှမဟုတ်ရင်...ကိုယ်ရင်မခုန်တတ်တော့ဘူး..Bae ပဒေသရာဇ် Birthday (9.9.1991)... 34 yrs Lion Land Co.ltd ဥက္ကဋ္ဌ Lion Land Hotel...