အပိုင်း ၃၃
"ဒီမှာ...ရှင် သူများအိမ်ကို ဘာလာလုပ်ပြန်ပြီလဲ..."
"ကိုယ့်မိန်းမဆီ ကိုယ်လာတာလေ...."
"အို...ပါးစပ်မသရမ်းနဲ့....ဘာမိန်းမလည်း... ကျွန်မက ယင်ဖိုတောင်သန်းဖူးသေးတာမဟုတ်ဘူး..."
" အဟက်...."
"ရှင် တကယ်အရှက်မရှိတာပဲ....ရှင့်ကို ရယ်စရာပြောနေတယ်များထင်နေလား..."
ခြွေ သူမတို့အိမ်သို့ အကြောင်းမရှိအကြောင်းရှာကာတစ်နေ့ကို မနက်တကြိမ် ညတကြိမ် ရောက်ရောက်လာသောသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာ တပတ်ပင်ရှိနေပြီ။ဒါတောင်Company ကို မဖြစ်မနေသွားနေရလို့တစ်နေ့၂ကြိမ်သာလာနိုင်ခြင်းဖြစ်သည် ။မဟုတ်ရင် ခြွေ နေစရာရှိတော့မှာမဟုတ်ပေ။
ရာဇ်သူ့အား နှုတ်ခမ်းတလန် ပန်းတလန်လုပ်နေသော အစွာမလေးအားကြည့်ကာ အသည်းယားနေမိတော့သည်။အဟွန့်...သူမလေးရဲ့ ဒီလိုပုံစံက သူ့အား ဆွဲဆောင်နေတယ်ဆိုတာ သူမလေးတစ်ယောက် သတိမထားမိသည့်ပုံပင်။
" ဒီမှာ..ရှင်ကျွန်မပြောနေတာမကြားဘူးလား...
တောက်... ဘယ်လိုလူလဲမသိဘူး..."ခြွေသူမဒီလောက်ပြောနေတာတောင် သူမအားပြုံးကာကြည့်နေသောသူကြောင့် လူကစိတ်ရူး
ပေါက်ချင်လာသည်။" မင်းဘာလို့ ချစ်ဖို့ကောင်းနေရတာလဲ..."
"ဘာရှင့်...."
ရာဇ်သူ့ကြောင့် ပိုစိတ်တိုလာသောသူမလေးကြောင့်စိတ်မကောင်းဖြစ်မိရသလို အသည်းလည်းယားနေမိသည်။တကယ့် စွာစိလန်မလေး....။စိတ်မကောင်းဖြစ်ရခြင်းက ခုထိသူမလေးကသူ့ကို အသိအမှတ်မပြု သေးသောကြောင့်ပင်။US ထိဆေးသွားကုဖို့ကိုလည်း Bae ကလက်မခံသောကြောင့် ရာဇ် ဘာလုပ်ရမှန်းမသိဖြစ်နေမိရသည်။
"Bae... မင်းတကယ်ပဲ ကိုယ့်ကိုမမြင်ချင်တာလား"
"ဟင်...."
ခြွေ သူမ မထင်ထားသော မေးခွန်းအားမေးလာသောရှေ့ကလူကြီးကြောင့် ဆွံ့အသွားရသလို ဖြေစရာအဖြေကမဲ့နေသည်လေ။ဒါပေမယ့် သူ့ရဲ့ဒီမေးခွန်းလေးက ဘာလို့ သူမရင်ကို နာကျင်စေရတာလဲ သူမကိုယ်တိုင် နားမလည်နိုင်တော့ပေ။
YOU ARE READING
တန်ဖိုးထားပြီးချစ်ပေးမယ်
Romantizmအမှတ်တမဲ့တွေ့ဆုံခြင်းကနေသံမှိုစွဲရိုက်ထားသလိုကိုယ့်အသက်၂၅ကနေ ခု ၃၄ထိမင်းတစ်ယောက်တည်းကိုပဲကိုယ့်ရင်ထဲမှာနေရာပေးခဲ့တာ.... မင်းမှမဟုတ်ရင်...ကိုယ်ရင်မခုန်တတ်တော့ဘူး..Bae ပဒေသရာဇ် Birthday (9.9.1991)... 34 yrs Lion Land Co.ltd ဥက္ကဋ္ဌ Lion Land Hotel...