Chapter 168

752 114 0
                                    

"ဟောင်ကောင်ကို သွားတဲ့အချိန်ကျရင် ငါနဲ့ သိပ်မရင်းနှီးတဲ့နေရာကို သွားရမှာဖြစ်တဲ့အတွက် ကူညီပေးမယ့် တစ်ယောက်ယောက်လိုတယ်"

လော့ကျစ်ယွီ လှိုက်လှိုက်လှဲလှဲပြုံးလိုက်ပြီး "ငါလိုက်လို့ရတယ် ငါ မင်းရဲ့လက်ထောက်ဖြစ်ပေးမယ် ငါ သင်ယူလို့ရပြီး မင်းကိုဆွဲချမှာ မဟုတ်ဘူး"

"ကောင်းပြီ"

"Peach" ၏ ရိုက်ကူးရေးတိုးတက်မှုသည် အလွန်လျင်မြန်နေပြီဖြစ်ပြီး လော့ချယ်နှင့်ကုမျန်၏ အနမ်းဇာတ်ကွက်များကို အများအားဖြင့် တစ်ကြိမ်တည်းနှင့် အမြဲလိုလိုရိုက်ကူးလေ့ရှိသောကြောင့် တိုးတက်မှုသည် ပို၍ပင်မြန်ဆန်သည်။

လော့ချယ်၏အကြံပြုချက်ကြောင့် မူလစီစဉ်ထားသည့် ချစ်စိတ်ပြင်းပြသော အနမ်းဇာတ်ကွက်ကို ဖျက်သိမ်းခဲ့သည်။

ကုမျန်လည်း စိတ်သက်သာရာရသွားရသည်။

ထိုသို့မဟုတ်ပါက မိုးရွာသည့်ည၌ မြက်ခင်းပေါ် လူးလိမ့်နေရသည်က အလွန်ပင် ကိုးရို့ကားရားနိုင်လိမ့်မည်ပင်။ သူမနှင့် လော့ချယ် နှစ်ယောက်တည်းသာဆိုပါက အဆင်ပြေသော်လည်း ယခုတွင်တော့ အနီးအနား၌ ဝန်ထမ်းတွေ အများကြီးရှိနေလေသည်။ သူမသည် အနုပညာလောကထဲ သူမကိုယ်သူမအမှန်တကယ် မမြှုပ်နှံချင်သောကြောင့် ထိုဇာတ်ကွက်ကို ဖျက်သိမ်းလိုက်သည်က ပိုကောင်းလိမ့်မည်ဖြစ်သည်။

လော့ကျစ်ယွီက ကုမျန်ထံ ခပ်လျိုလျိုချဉ်းကပ်လာပြီး "လော့ချယ်က ဒီအနမ်းဇာတ်ကွက်ကို ဖျက်ဖို့ ဘာကြောင့် အကြံပြုခဲ့တာလဲဆိုတာကို သိလား"

ကုမျန် သူ့ကို လှမ်းကြည့်လိုက်၏။ "ဘာလို့လဲ"

"သူ သ၀န်တိုလို့လေ မင်းလှတာကို တခြားသူတွေ မြင်သွားမှာကြောက်လို့"

ကုမျန် ဆွံ့အသွားရသည်။

"Peach" ရိုက်ကူးရေးအပြီးတွင် လူတိုင်းသည် ပါတီပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

ခေါင်းဆောင်သရုပ်ဆောင်များဖြစ်သည့် ကုမျန်နှင့် လော့ချယ်တို့သည်လည်း သဘာဝကျကျပင် ပါဝင်သည်။

သုံးခွက်သောက်ပြီးနောက် ဒါရိုက်တာယွီဝေ့သည် အတော်မူးနေပြီဖြစ်သည်။ နီရဲနေသောမျက်နှာဖြင့် သူက လော့ချယ်ကို ကျေးဇူးတင်လာ၏။"လော့ချယ် ငါ မင်းကို အရက်ခွက်မြှောက်ပြီး ဆုတောင်းပေးမယ် ငါ့ရဲ့ဒရာမာဇာတ်ကားကို မင်းရွေးလိုက်မယ်လို့ ငါတကယ်မထင်ထားမိခဲ့ဘူး မင်းကိုလာရှာတုန်းက ငါ့စိတ်ထဲမှာ မျှော်လင့်ချက် သိပ်မရှိဘူး မင်းဆီက အငြင်းခံရဖို့တောင် ငါအဆင်သင့်ပြင်ထားပေမယ့် ငါ့တောင်းဆိုချက်ကို မင်းသဘောတူလိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့ဘူး ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ကြင်နာမှုကို ငါ့နှလုံးသားထဲမှာ တစ်သက်လုံးသိမ်းထားမယ် အနာဂတ်မှာ ငါလုပ်နိုင်ရင် ကြီးမားတဲ့ထုတ်လုပ်ရေးမှာ မင်းပါဝင်နိုင်ဖို့ ငါသေချာပေါက် တောင်းဆိုပေးမယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now