Chapter 170

1.1K 147 7
                                    

၀မ်ခိုင်ရောက်လာသည်နှင့် ရွှယ်ကွေ့၀မ်က လော့ချယ်၏ဘောင်းဘီရှည်ကို ကိုင်ထားသည့် သူမလက်များကို တင်းတင်းဆုပ်လိုက်သည်။

ထိုအချိန်တွင် ကုမျန်သည်လည်း ၀မ်ခိုင်ကို မှတ်မိသွားချေပြီ။

အရင်က ရွှယ်ကွေ့၀မ်ကို တစ်ခုခုလုပ်ချင်တဲ့ ဒါရိုက်တာမဟုတ်ဘူးလား။ ဒါပေမယ့်  အမျိုးသားဇာတ်ဆောင်က သူ့ကို တားဆီးခဲ့တယ်လေ။

မထင်မှတ်ပဲ၊ သူသည် ယခုချိန်ထိ လက်မလျှော့သေးဘဲ ရွှယ်ကွေ့၀မ်ကို နောက်တစ်ကြိမ်နှောင့်ယှက်ရန် အခွင့်အရေးရှာနေခဲ့သည်။

ထိုစကားများထွက်လာသည့်အခါတွင် မည်သူကမျှ စကားမပြောကြတော့ချေ။

၀မ်ခိုင်က "ကျွန်တော်က ဒီကြယ်ပွင့်လေးကို နောက်ပြောင်လိုက်ရုံပါပဲ သူမက ဒါကိုတကယ်ထင်ပြီး ပြေးထွက်သွားမယ်လို့တော့ မမျှော်လင့်ထားမိခဲ့ဘူး ခင်ဗျားတို့ကို တကယ်ကို ရယ်စရာမြင်စေခဲ့ပြီ"

နောက်ပြောင်ခြင်းဟုတ်သည်၊ မဟုတ်သည်ကို ဤနေရာတွင် ရှိနေသည့်သူတိုင်းက သဘာဝကျကျပင် သိကြသည်။

သို့သော် သူက ထိုသို့ပြောလာသည်ဆို‌တော့ လူတချို့က သူ့စကားကို လိုက်ပြောကြ၏။

ယွီဝေ့က ခေါင်းကုတ်ပြီး " ၀မ်လောင်ရှီးက နယ်ပယ်ထဲမှာဆို နာမည်ကြီးပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ပဲ သူက မင်းလိုကြယ်ပွင့်သေးသေးလေးတစ်ယောက်ကို တကယ်ပဲအရှက်ရအောင်လုပ်ပါ့မလား"

သူက ရွှယ်ကွေ့၀မ်ကိုဆွဲထုတ်ရန် လက်ကိုဆန့်လိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်လာသည်။"လာ လာ ထလိုက် ဒါရိုက်တာ၀မ်က မင်းကို နောက်ပြောင်နေတာ အဲဒါကို စိတ်ထဲမထားနဲ့"

ရွှယ်ကွေ့၀မ်သည် အလွန်ပင်သတိထားနေထိုင်ခဲ့ပြီး ၀မ်ခိုင် သူမကိုပေးလာသည့်ဝိုင်ကို မသောက်ခဲ့ပေ။ မဟုတ်ပါက ထိုအဖြစ်အပျက်သည် တကယ်ဖြစ်လာလိမ့်မည်ပင်။

သူမသည် ၀မ်ခိုင်နောက်သို့ ပြန်လိုက်သွားရန် လုံးဝဆန္ဒမရှိပါချေ။

ပြသနာက အတော်ကြီးသွားသည်လေ။ သူမ ၀မ်ခိုင်ကို အခေါက်ရေအတော်များများ စော်ကားမိပြီးပြီဖြစ်သည်။ သူမအနေနှင့် အနာဂတ်တွင် နယ်ပယ်ထဲဆက်ရှိနေချင်ပါက ပေါင်လုံးကြီးကြီးဖက်ထားရန် လိုအပ်သည်မှာ သေချာသလောက်ပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now