Part-1

121 21 1
                                    

Unicode

"ငါတို့လမ်းခွဲရအောင်"

သူ့အရှေ့မှာချထားတဲ့ချောကလက်ကိတ်ကိုအာရုံတစိုက်နဲ့စားနေရာကနေဒန်နီရယ့်ဆီကကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့်ပင်
ဟယ်ရင်းလက်တွေသည်လေပေါ်တွင်တဝတ်တပြတ်နဲ့ရပ်တန့်သွားရ၏။

ခေါင်းကိုငုံ့ချထားရာကနေနားမလည်နိုင်သောအကြည့်များဖြင့်ဒန်နီရယ့်ကိုဟယ်ရင်းမော့ကြည့်မိသည်။ ဒန်နီရယ့်မျက်နှာပေါ်တွင်ဘာခံစားချက်မှရှိမနေသလို ဘာအမူအရာမှလည်းတစ်ချက်မပြကာတည်ငြိမ်နေခဲ့ပါသည်။

သူမြင်တွေ့နေကျပုံစံမဟုတ်တဲ့ဒန်နီရယ့်ကို
ဟယ်ရင်းမြင်တွေ့နေရတာကြောင့်အံ့ဩမိသည်။ ဒါဟာဒန်နီရယ်အစစ်မှဟုတ်ရဲ့လားဟုဟယ်ရင်းတွေးမိသည်အထိဒန်နီရယ်သည်ပြောင်းလဲနေသည်။

"ရုတ်တရက်ကြီးလား...။ ဘာလို့လဲ..."

ဟယ်ရင်းမူမပျက်ပဲဒန်နီရယ့်ကိုမေးနေမိပေမဲ့
ရင်ထဲမှာတော့စတင်ထူပူလာခဲ့သည်။ သူ့စိတ်တွေသည်ဆောက်တည်ရာမရစွာဟိုပြေးလွှား
ဒီပြေးလွှားနဲ့ရောက်ရပ်ခတ်နေမိပါသည်။

ဒန်နီရယ်နဲ့လမ်းခွဲဖို့ဆိုတာဟယ်ရင်းတစ်ခါမှတောင်တွေးဖူးခဲ့တဲ့အရာမဟုတ်ပေ။ ပိုဆိုးတာကဒန်နီရယ်ဘက်ကနေလမ်းခွဲစကားစပြောလာမယ်ဆိုတာကိုပဲ...။ သူ့ခေါင်းထဲတောင်ထည့်ဖူးတဲ့အရာမဟုတ်ဘူး။

ဒန်နီရယ်ကသူ့ကိုသိပ်ချစ်တယ်ဆိုတာကို
ဟယ်ရင်းသိသည်။ ရန်ဖြစ်ကြရင်တောင်လေသံမာမာနဲ့တစ်ချက်ပြောခဲ့ဖူးသူမဟုတ်...။ အကြီးဖြစ်တာကြောင့်အမြဲလည်းအလျှော့ပေးတယ်...အမြဲလည်းအလိုလိုက်တယ်။ ဒါဖြင့်ဟယ်ရင်းနဲ့လမ်းခွဲဖို့အတွက်ဘာ‌ကြောင့်သူဆုံးဖြတ်လာရတာလဲ။

"ဘာလို့လဲတဲ့လား..."

ဒန်နီရယ်သည်ခပ်အေးအေးဆိုလိုက်ရင်းနှုတ်ခမ်းတဖက်ကိုတွန့်ကွေးကာမဆိုစလောက်ပြုံးလာလေသည်။

"ငါ့ဘက်ကဆွဲမထားရင်ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့relationshipကြီးတစ်ခုကိုငါ
မလိုချင်တော့လို့"

စောနကအထိဘာခံစားချက်ဆိုတာမှရှိမနေတဲ့ဒန်နီရယ့်၏မျက်နှာသည်ထိုစကားတစ်ခွန်းကိုပြောပြီးသည့်နောက်မှာတော့ဝမ်းနည်းရိပ်များပြေးလွှားကုန်သည်။ မျက်ဝန်းထဲမှာလည်းမျက်ရည်စတစ်ချို့ဟာရောက်ရှိနေပြီ။

I'll fix it for us || Daerin✓Where stories live. Discover now