Unicode
" Daou ! "
သင်တန်းကျောင်းအဖွဲ့သားများ သွေးပူလေ့ကျင့်ခန်းလုပ်နေကြတဲ့နေရာကို လှမ်းကြည့်ကာ သင်တန်းကျောင်းတာဝန်ခံ ဖူက Daou ကို ရွေးခေါ်သည်။ Daou က ခြေတစ်ဖက်ကို တင်ပါးနဲ့ ထိအောင်ခေါက်ထားရင်းပဲ တာဝန်ခံကို လှည့်ကြည့်လိုက်သည်။
" ငါ့ရုံးခန်းထဲ ခဏလာဦး "
Daou က ဘေးက အငယ်တွေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့သည်လည်း အူတူတူမျက်နှာဖြင့်သာ အခြေအနေကို အကဲခတ်နေသည်။ Daou က ခြေထောက် အကြောလျှော့နေသည်ကို ဖြေချလိုက်ပြီးနောက် အရင် ဝင်သွားပြီ ဖြစ်သော တာဝန်ခံဖူနောက်ကို ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။
ရုံးခန်းထဲရောက်တော့ တာဝန်ခံဖူက အနွေးထည်ထူထူကို ချွတ်ဖို့ ပြင်နေသည်။
" ကျွန်တော်ရောက်ပါပြီ ဆရာ "
တာဝန်ခံ ဖူ ဟု လူတိုင်းခေါ်ကြသော ဖူပွန်းသည် Daou ကို ဒီလောကထဲ ရောက်လာအောင် ဆွဲခေါ်လာသော ဆရာသခင်၊ Daou ကို ကျောက်ကောင်းတစ်ပွင့်ဖြစ်အောင် အမြဲ သွေးနေသော ဆရာသခင်။ Daou အတွက်တော့ အမိအဘလို ဖြစ်နေသော ဆရာသခင်။
" ထိုင်ကွာ "
" ဟုတ် "
ဆရာက အမြဲလိုလို တည်ထားတတ်သော မျက်နှာဖြင့်သာ Daou ကို ကြည့်နေသည်။ အနေကြာလာသည့်အတွက် ဒီ အမူအရာက စိတ်ဆိုးဒေါသထွက်နေတာမဟုတ်မှန်းတော့ Daou တွက်ဆမိပါသည်။
" ဟိုနေ့ညက နှစ်ပတ်လည်ပွဲမှာ ဒါရိုက်တာချုပ်က မင်းကို သူတို့အေဂျင်စီရဲ့ stunt actor ဖြစ်ဖို့ ကမ်းလှမ်းတယ်ဆို "
ဒီကိစ္စ သူပြန်မပြောပါ။ သို့သော် ဆရာဖူက သိသွားပြီ။
" ဟုတ် "
ဆရာက နားထင်ကို အနည်းငယ်ကုတ်ခြစ်ပြီးနောက် သူ့ကို တစ်ချက်ကြည့်လို့ မေးသည်။
" ဘာလို့ ဒီနေရာထက် ပိုကောင်းတဲ့နေရာကို မရွေးတာလဲ Daou "
" ........... "
" ဘယ်လိုပဲကြည့်ကြည့် ဒီသင်တန်းကျောင်းက မင်းကို ထင်သလောက် ကျော်ကြားမှု မပေးနိုင်တာ သိတယ်မလား "
YOU ARE READING
𝘿𝙖𝙞𝙨𝙮 𝘿𝙞𝙫𝙞𝙣𝙚
FanfictionDaou x Offroad 𝙾𝚗𝚌𝚎 𝚊 𝚙𝚘𝚒𝚜𝚘𝚗 𝚒𝚟𝚢 𝚋𝚞𝚝, 𝚗𝚘𝚠 𝙸'𝚖 𝚢𝚘𝚞𝚛 𝚍𝚊𝚒𝚜𝚢 -𝙻𝚢𝚛𝚒𝚌𝚜 𝚏𝚛𝚘𝚖 𝙳𝚘𝚗'𝚝 𝙱𝚕𝚊𝚖𝚎 𝙼𝚎