08

68 15 4
                                    

Unicode

" ဘာလို့အခုလို​တွေ လုပ်တာလဲ ​ရှောင်ချန် "

Offroad အိမ်ထဲကို ပြန်​​ခြေချတာနဲ့ စကြားရတာက​တော့ မိစ္ဆာသံဖြစ်သည်။

" အ​စောကြီးကတည်းက Daou ဆိုတဲ့တစ်​ယောက်နဲ့ ပတ်သက်ရင် လိုတာထက်ပိုပြီး မရင်းနှီးဖို့ မားမား​ပြောခဲ့တယ်​လေ "

Daou နာမည်ပါလာတာမို့ Offroad က စိတ်လွတ်လက်လွတ် အ​ပေါ်ထပ်တက်မည့်​​ခြေ​ထောက်ကို ရုတ်လိုက်သည်။ ​

" Boss ဘာဖြစ်လို့လဲ ! "

​ရှောင်ယိက သူ့​အ​နောက်မှာကပ်လျက်လိုက်လာပြီး အ​ကြားအာရုံချို့တဲ့စွာ အ​ခြေအ​နေကိုမသိဘဲ​မေးသည်။

" ကျစ် ! ရှူး "

သူ ပါးစပ်ပိတ်ခိုင်းလိုက်​တော့ ​ရှောင်ယိက ကုတ်ကုတ်​လေး ​နောက်မှာ ငြိမ်သွား၏။ ဒီ​တော့မှ ဟိုသားအမိရဲ့စကားသံကို Offroad အပြည့်အဝအာရုံပြန်စိုက်ရသည်။

" မနက်ဖြန် သတင်း​ထောက်​တွေ​ရှေ့​ရောက်ရင် ​ပြောရမယ့် script အားလုံး အဆင်သင့်လုပ်ထားပြီးပြီလား ဝူဒီ "

" အဆင်သင့်ဖြစ်ပါပြီ သူ​ဌေးက​တော် "

ဝူဒီဆိုသူက စူးယိ၏လက်​ထောက်အမျိုးသမီး။ Offroad က ဧည့်ခန်းဝင်​ပေါက်ကို အကွယ်ယူလျက် ဝူဒီက စူးယိကို စာရွက်တစ်ထပ် ကမ်း​ပေးလိုက်သည်ကို ကြည့်လိုက်သည်။ စူးယိက သူ့သား ချန်မန်ဟိုကို တဆင့်ပေးသည်။

" ဒါ သားမနက်ဖြန် ​ပြောရမယ့်စကား​တွေပဲ။ ဒီထဲက အ​ကြောင်းအရာ​တွေက​နေ ဘာကိုမှ ​ဘောင်​ကျော်ပြီး မ​ပြောနဲ့ ။ သားအရှုပ်ကို မားမားက ရှင်း​ပေး​နေတာ​နော်။ အဲဒါကိုမှ သားက နားမ​ထောင်ဘဲ ထင်ရာလုပ်ရင် ဘာ​တွေဆက်ဖြစ်မလဲ သိတယ်မလား ​ရှောင်ချန် "

ချန်မန်ဟို မျက်နှာမှာ စိုးရွံ့မှုကို ​တွေ့ရသည်။ သူသည် ဘာကိုမှမလွန်ဆန်နိုင်စွာ သူ့အ​မေ​ပေး​သော စာရွက်ကိုလှမ်းယူလိုက်သည်။

" သိပါတယ် မားမား "

ချန်မန်ဟိုအ​ဖြေ​ကြောင့် စူးယိက ပြုံးသည်။ ​နောက် ဝူဒီ့ဘက် လှည့်ကာ ...

" ​ဝူဒီ ! ဟို​ကောင်​​လေး​ပြောရမယ့် script ​ရော အဆင်သင့်ပဲလား "

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

𝘿𝙖𝙞𝙨𝙮 𝘿𝙞𝙫𝙞𝙣𝙚Where stories live. Discover now