06

56 15 5
                                    

Unicode

Offroad က အလိုမကျစွာဖြင့် စာကြည့်ခုံကို လက်သည်းထိပ်ဖြင့် တတိတိ​ခေါက်​နေ၏။ အခြားလက်တစ်ဖက်တွင်လည်း ဖုန်းကို ကိုင်ထားပြီး ဖုန်းထဲက ပုံကို မျက်​လုံးများ ​မှေးစင်းသည်အထိ အာရုံစိုက်ကြည့်​နေသည်။

" Boss မျက်လုံးသာ ​လေဆာ​တွေထွက်မယ်ဆို ဖုန်း screen ​ပေါက်ထွက်သွားမယ်ထင်တယ် "

​ရှောင်ယိအသံကြား​တော့မှ Offroad က ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

" စိတ်တိုင်းမကျလိုက်တာ "

" ဘာကိုလဲ Boss "

" Daou ပါးရိုးမှာ ​လက်သုံးလုံး​စာ အညိုမဲစွဲ​နေတာ။ ဒါ​ပေမယ့် ချောင်ဖန်ပါးရိုးက ဒဏ်ရာက နည်းနည်း ​သေး​​နေ​သလိုပဲ "

" ခင်ဗျာ ? "

Offroad က ဖုန်းထဲက ​ချောင်ဖန်ရဲ့အကွဲကွဲအပြဲပြဲဖြစ်​ပုံကို ​ရှောင်ယိအား ပြလိုက်သည်။

" ပိုက်ဆံနည်းနည်းပို​ပေးပြီး ထပ်ထိုးခိုင်းသင့်လား "

​ရှောင်ယိက သူ့ကို ​ခေါင်းအထပ်ထပ်ယမ်းပြရုံသာမက လက်​တွေပါ ခါပြရ၏။

" မလုပ်ပါနဲ့​တော့ Boss ရယ်။ သူတို့လည်း ​တော်​တော် အီစိမ့်​​​နေကြတာပါ။ ​ဆေးရုံမှာ အသံ​တောင်မထွက်နိုင်ဘူး "

" ဟွန်း ! ဒါက​တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲ။ touch him, you die ပဲ "

Offroad က ဆုံလည်ကုလားထိုင်ကို က​လေးတစ်​ယောက်လို ဟိုဘက်သည်ဘက် လှည့်၍ ပြုံးကာပြောသည်။

" တစ်ခု​လောက် ​မေးလို့ရမလား Boss ။ ကျွန်​တော် တကယ်မသိလို့​မေးမှာပါ "

Offroad က ​ရှောင်ယိကိုကြည့်လိုက်သည်။ ​

" ဘာ​​မေးမှာလဲ "

" Boss က ​ဟောင်​ကောင်မှာ ​ယောင်​ခြောက်ဆယ်လုပ်ဖို့ ပြန်လာတာလားဟင် "

" ဘာ !! "

" အဲ ... အဲဒါ .. ဟို ကျွန်​​တော်ဆိုလိုတာ မိုးလင်းက​နေ မိုးချုပ်ထိ အစ်ကို Daou ကလွဲပြီး ဘာကိုမှ ဦး​နှောက်ထဲ မထည့်လို့​​​လေ "

Offroad မျက်ခုံးတန်းများ အနည်းငယ်တွန့်ချိုးသွားသည်။တကယ်​တော့ ​​ရှောင်ယိ​ပြောတာကို ပြန်စဥ်းစားကြည့်ရင် သူ ​ဟောင်​ကောင်ပြန်မလာခင်ကတည်းက Daou Pittaya ကို ​စောင့်ကြည့်ရတာ ​နေ့စဥ်အလုပ်လိုဖြစ်​နေခဲ့တာပဲ။ ဒါ​ကြောင့် Offroad အတွက်က အထူးအဆန်းမဟုတ်​ပေမယ့် Daou အပါအဝင် အခြားလူ​တွေက​တော့ သူ့လုပ်ရပ်ကို ထူးဆန်း​​နေမှာ​ပေါ့။

𝘿𝙖𝙞𝙨𝙮 𝘿𝙞𝙫𝙞𝙣𝙚Where stories live. Discover now