1

304 28 6
                                    

" ဘေဘီ မမကိုထားမသွားပါနဲ့လား"

" မရဘူး....မမက ဘေဘီ့ကို တအားချုပ်ချယ်တယ်...ဘေဘီ အသစ်တွေ့နေပြီ...ဘေဘီ့ကိုနောက်မဆက်သွယ်ပါနဲ့တော့"

အနှီကောင်မလေးက ပြေးသွားတော့ ကြည်ဖြူလင်းသန့်ဆိုသည့် တစ်ယောက်မှာ လမ်းပေါ်တွင် ဒူးထောက်လျက်သား ကျန်နေခဲ့တော့သည်။

အတိတ်တွင် ဘေဘီနှင့်သူပျော်ခဲ့ဖူးသည့် အမှတ်တရများက မျက်ရည်များအဖြစ် ကြည်ဖြူ့မျက်လုံးအိမ်ထဲမှစီးကျလာလေသည်။

* တစ်သက်လုံး ထားမသွားဘူးဆိုတဲ့ ဘေဘီလေးက အခုကျ မလိုတော့တဲ့ပစ္စည်းတစ်ခုလို ဖက်ကနဲ စွန့်ပစ်နိုင်လိုက်တာ*

ကြည်ဖြူ ညအထိ အသည်းကွဲဝေဒနာကို ခံစားနေရသည်မှာ အရှိန်မသေသေး။ မေ့လိုမေ့ငြား ကလပ်ကို သွားပြီး သောက်နေတော့သည်။

ကြည်ဖြူ့ပုံက style pants အနက်ရောင်ကို coat အနက်နှင့်တွဲဝတ်ထားပြီး အောက်က tankအနက်လေးတစ်ထည်နှင့်ပင်။ ပြောရရင် အားကိုးလို့ကောင်းမည့် မမ typeကြီးပေါ့။ သို့သော် အသည်းကွဲဝေဒနာခံစားနေရသဖြင့် မျက်ရည်စက်လက်နှင့်။

ကြည်ဖြူသောက်ရင်း သူ့ကိုလမ်းခွဲသွားသော ရည်းစားဟောင်းကို သတိရလျက်ပင်။ ရုတ်တရက် သူ့ထောင့်ဝိုင်းကိုအကြည့်ရောက်တော့ ကောင်မလေး အုပ်စုက ဆွဲလားရမ်းလားလုပ်နေသည်။ ကြည်ဖြူက ဒါမျိုးတော့ မခံပါ။ လူတစ်ယောက်ကိုအုပ်စုလိုက်ဆွဲနေတာ အမြင်မတော်ဘူးလေ။

" ဟိတ်....ကလေးမတွေ ဖယ်ကြစမ်း...ဘာလို့ သူ့ကိုဆွဲလားရမ်းလား လုပ်နေတာလဲ"

ကြည်ဖြူက အရက်ခွက်ကြီးလက်မှာကိုင်ပြီး ကျန်တစ်ဖက်နဲ့ ကောင်မလေးတိုင်းကို လက်ညှိုးငေါက်ငေါက်ထိုးတော့ ကောင်မလေးများကကြောင်ကြည့်နေသည်။

" မဆိုင်ရင် ဝင်မပါနဲ့....ဒါက ငါခေါ်မယ့်လူ..."

" ဟိတ်....ကလေး...သူတို့ကို နင်သိလား"

" မသိဘူးဗျ..."

မျက်မှန်ဝိုင်းလေးနှင့် တီရှပ်အဖြူကိုဝတ်ထားပြီး ဆံပင်ခပ်တိုတိုနှင့်ကောင်လေးက သူ့ကို အားကိုးသလိုလေးကြည့်ကာ ပြောလာသည်။

မတော်တဆWhere stories live. Discover now