ဦးမင်းသန့်နဲ့ ဒေါ်ကြည်ကြည် တို့မြင်လိုက်ရတာ သူ့တို့ရဲ့ချစ်ဆုံး သမီးလေး မြေးမလေး ကြည်ဖြူလင်းသန့်ဟာ ခပ်ချောချော ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ တိုးဝင်ပြီးအိပ်နေတာပါပဲ။ ဘေးက အဝတ်တွေပြန့်ကျဲလို့တစ်စစီဖြစ်နေတာကို ကြည့်ခြင်းဖြင့်ကတော့ နှစ်ဦးသားဟာ အဝတ်ဗလာနဲ့အိပ်နေတာကို သိနိုင်တာပဲ။
" မိကြည်ဖြူ....ထစမ်း"
ဦးမင်းသန့်က ဘေးက တံမြက်စည်းရိုးနဲ့ ကုတင်ပေါ်က ခြေထောက်တွေကိုရိုက်လိုက်တော့ ကြည်ဖြူဟာနိုးလာခဲ့သည်။ နိုးသည်နှင့်အတူ သူလည်း တကယ့်ကို စပရိုက်ဖြစ်သွားလေသည်။
" ဟာ....အဖေနဲ့အဘွား...ဘယ်လိုလုပ်ရောက်...ဟာ....ဟိုကလေးပဲ...ထဦး...ဟိုတစ်ကောင်ထဦး"
" အမ်း....ဝါး....ဘာကြီးလဲ...ခုမှ မနက် (၇)နာရီပဲရှိသေးတယ်....ကျောင်းမသွားရသေးဘူးလေ...မေကြီးကလည်း...ဟန် ဆက်အိပ်ဦးမယ်"
လင်းအိမ်ဟန်က ယောင်တောင်ပေါင်တောင်ဖြင့် ပြန်အိပ်သွားပြန်သည်။
" မိကြည်ဖြူ...နင်ကော နင့်အကောင်ကော...နာရီဝက် အချိန်ပေးမယ်...အဝတ်ဝတ်ပြီး အမြန်အောက်ကိုဆင်းခဲ့...အမေ...သားထိန်းပေးမယ် အောက်ဆင်းရအောင်နော်...ကားထဲမှာ နှလုံးငြိမ်ဆေးရှိတယ်"
ဦးမင်းသန့်က အမေဖြစ်သူကိုတွဲကာ အောက်ဆင်းသွားတော့သည်။
" ဟိုတစ်ယောက် ထတော့ အောက်မှာ မိုးမီးလောင်နေပြီ"
ကြည်ဖြူက လှုပ်ရမ်းကာ နှိုးတော့မှ ထလာသည်။ ထလာတော့..
" အား.....နာလိုက်တာ ခန္ဓာကိုယ်က လှုပ်မရဘူး .....တော်တော်နာနေတယ်"
" ကျေးဇူးရှင်ရယ်....ငါပြီးရင်ဆေးလိမ်းပေးပါ့မယ်...အခု မျက်နှာသစ်တော့ အောက်မှာ ပြဿနာရှင်းရမယ်"
" ဘာပြဿနာလဲ"
" ဒီလိုအိပ်နေတာ အဖေနဲ့အဘွားမြင်သွားလို့"
" မြင်တယ် ဘာညာပြောလည်း....အစ်မကြီး လုပ်တုန်းကလုပ်ထားတာ မပြေးနဲ့နော်"
" ငါအခုမှ လောလောလတ်လတ်အသည်းကွဲထားတာ....အခုပြဿနာထပ်ရှင်းရဦးမယ်"
YOU ARE READING
မတော်တဆ
Romanceတကယ်ဆိုရင် အစ်မက ကျွန်တော်လက်ထပ်ချင်တဲ့ ကောင်မလေး typeမဟုတ်ဘူး လင်းအိမ်ဟန် ( before marriage) မမ....မမကို မျက်စိအောက်က အပျောက်မခံနိုင်ဘူးနော် ဖြစ်နိုင်ရင် ဂျူတီကုတ်ထဲထည့်ပြီး သွားလေရာ သယ်သွားချင်တာ လင်းအိမ်ဟန် ( After marriage)