3

174 33 4
                                    

တက္ကသိုလ် ကန်တင်းတွင် လူငါးယောက်အုပ်စုလေးရှိနေသည်။ ကျန်သူများကလည်း စကားပြော ရယ်ကြ မောကြရှိသော်လည်း....ထိုအုပ်စုက ငြိမ်လျက်။

" ကဲ....ဟန်...ငါတို့ကိုပြောမယ်ဆိုတာဘာလဲ"

ဟန်က ကျန်တဲ့လေးယောက်ရဲ့မျက်နှာကိုကြည့်လိုက်သည်။ သူတို့အားလုံးဟာ ဆရာဝန်လောင်းများ၊ မြူမှလွဲရင် ကျန်တဲ့လူတွေက Singleတွေ။

" မင်္ဂလာဖိတ်စာပေးမလို့..."

" ဪ...နင့်အမျိုးထဲကလား...ဝါးတီးပဲ...ငါတို့တော့"

" ငါဆောင်မှာ"

"ဟင်"

" ဟမ်"

မြူနှင်းလွင်၊ စုစုလှိုင်၊ နွေဆူးခက်အောင်နဲ့ ညိုတာရာမောင်တို့က အံ့အားသင့်လျက်။ဟန်က မျက်မှန်ဝိုင်းလေးကို ဟန်ပါပါပင့်တင်ရင်း။

" ငါဆောင်မှာ....ဒီမသာ နွေက ငါ့ကိုကလပ်မှာ တစ်ယောက်တည်းထားခဲ့တာ...အဲ့နေ့က အစ်မကြီးတစ်ယောက်နဲ့လွန်လွန်ကျူးကျူးဖြစ်သွားတာ၊ မနက်ကျ သူ့အဘွားနဲ့သူ့အဖေကမြင်၊ ငါ့အိမ်ဖုန်းဆက်၊ သူတို့ချင်းကသိတော့ ပေးစားလိုက်ရော...ဒါနဲ့ မိိန်းမတစ်ယောက် ကောက်ရလိုက်တာ"

" ဟယ်....အံ့ဩတာ....ငါဖြင့် ကလပ်ကိုအပတ်တိုင်းသွား...တစ်ယောက်မှမပါဘူး...ဟန်တို့က တစ်ခါသွားတစ်ယောက်ရတာတော့"

စုလှိုင်က အရွှန်းဖောက်တော့ အားလုံးကရယ်လျက်၊

" ဒါဖြင့်....သူက ဘယ်လိုပုံလဲ"

" သူကချောပါတယ်....ဒါပေမယ့် ငါ့အကြိုက်မဟုတ်ဘူး...အသက်ကငါ့ထက်၅နှစ်ကြီးတယ် အလုပ်အကိုင်အတည်တကျနဲ့ အခုက သူလည်းသူ့ရည်းစားနဲ့ပြတ်တာမကြာသေးတာ ငါနဲ့ဖြစ်တော့ ငါ့ယူရရော"

" ဘယ်လိုအကြိုက်လဲ"

" ညိုကလည်း...ငါက ပုံမှန်ဆို မြန်မာဝတ်စုံနဲ့ယဉ်ယဉ်လေးဝတ်တာကြိုက်တာလေ...အခုက သူက မြန်မာဝတ်စုံဝတ်တာကို တစ်ခါမှမမြင်ဖူးတာ...ပြီးတော့သူက top ကြီး..."

" ဟာ....သွားပါပြီ...ဟန်...နင့်ဘဝက ရင်လေးစရာပဲ....မချစ်တဲ့လူကို ယူရမှာ...အစားလည်းခံရမှာဆိုတော့"

မတော်တဆWhere stories live. Discover now