စာကြည့်ခန်းထဲတွင် ရှောင်းကျန့်တစ်ယောက် စားပွဲပေါ်မှာစာအုပ်ကို တစ်ရွက်ချင်းလှန်ကာ ဖတ်နေ၏။ သူစိတ်တွေက စာအုပ်ထဲမှာ ရှိပြံမပေါ်ပဲ ပြုံးစိစိဖြစ်နေသည်။ ထိုသို့ဖြစ်နေရခြင်းက သူစာဖတ်နေတာကို ရှေ့မှမိန့်မိန့်ကြီး ထိုင်ကာ အကြင်နာတွေယိုဖိတ်နေသည့် မျက်ဝန်းကြီးနှင့် ထိုင်ကြည့်နေသူတစ်ဦးရှိတာကြောင့်ပင်။
"လေ့ကျင့်ရေးချိန်တွေ များနေတယ်ဆို။"
"ရတယ်လေ။ အချိန်အတိမှ သွားလိုက်လည်းဖြစ်တာပဲ။"
ရှောင်းကျန့် ပြုံးလိုက်ပြီး စာအုပ်ကိုပဲ အသည်းသန်ဖတ်နေ၏။
"စာအုပ်က အဲ့လောက်စိတ်ဝင်စားဖို့ကောင်းလား။"
"ဒါပေါ့။ "
ရိပေါ် ပြုံးလိုက်ပြီး ရှေ့တိုးလာကာ သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"စစ်သူကြီး ဘာလုပ်တာလဲ။ သူများမြင်မှာမကြောက်ဘူးလား။"
"ကိုယ်ဘာကိုမှ မကြောက်ဘူး။"
ရှောင်းကျန့် ဟိုကြည့်သည်ကြည့်လုပ်ပြီး စစ်သူကြီး၏လက်ကလေးကို ပြန်ဆုပ်ကိုင်လိုက်သည်။
"စာအုပ်မဖတ်ပါနဲ့တော့လား။ ကိုယ်သွားရတော့မှာကို။"
"စာဖတ်တာကို တားမြစ်တယ်တဲ့ ဘယ်လိုယောက်ျားမျိုးလဲ။"
"မင်းယောက်ျားလေ.."
ရှောင်းကျန့် နှုတ်ခမ်းလေးကိုက်ကာ ရိပေါ်ကိုမျက်လုံးလှန်ကြည့်လာသည်။
"တစ်ခြားသူတွေကိုလည်း အဲ့လိုချစ်ဖို့ကောင်းအောင်လုပ်မပြပါနဲ့။"
"ဘယ်မှာလုပ်လို့လဲ။"
"မင်းကြီးက တစ်ရှောင်းရှောင်းဖြစ်နေတာ ကိုယ်မကြိုက်ဘူး။"
"အဲ့နှာဘူးကြီး မကြိုက်တဲ့သူရှိလို့လား။"
"အင်းပါ။ ကိုယ်ခနနေ သွားတော့မယ်။"
"ဂရုစိုက်..."
ရိပေါ်သူ့လက်ကလေးကို ပိုမိုညှစ်လိုက်ပြီး
"ကိုယ်ကစာဖတ်တာကို တားမယ့်ယောက်ျားမဟုတ်ပါဘူး။ စာအုပ်ပြောင်းပြန်ကြီး ဖတ်နေမယ့်အစားတော့ ကိုယ်နဲ့အချိန်ဖြုန်းတာပိုမကောင်းဘူးလား။"
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။