Ep-11

3.5K 229 17
                                        

မနက်ခင်းအစမှာ ကိုက်ခဲနေတဲ့ ခေါင်းနဲ့အတူ
ငါနိုးထလာသည်..။ နိုးနိုးချင်း မနေ့ညက အကြောင်းအရာတွေပြန်တွေးကြည့်တော့
မျက်နှာဟာ ပြုံးယောင်သန်းသွားခဲ့သည်..။

ဘေးကိုလှည့်လိုက်တော့ ထိုလူဟာ လက်ထောက်ပြီးတော့ ပြုံးပြုံးကြီးကြည့်နေလေသည်..။

" ဘာကြည့်တာလဲ.."

" ဘာလို့လဲ မကြိုက်ဘူးလား.."

"ဟင့်အင်း ကြိုက်တယ်.."

ရင်‌ခွင်ထဲတိုးဝင်တော့ ထိုလူကအလိုက်တသိ
ဖတ်ထားပေးသည်..။ နွေးထွေးမှုကို ငါအပြည့်အဝ
ခံစားလိုက်ရသည်..။ ထိုလူနဲ့ အတူတူရှိနေရင်စိတ်လုံခြုံတယ်လို့လဲ ခံစားရသည်..။

" ခိခိ..မလုပ်နဲ့ ယားတယ်.."

ရုတ်တရက် ခါးကို တို့ထိတို့ထိလာလုပ်တဲ့
ထိုလူ့ကြောင့် ငါယားပြီးတော့ ရင်ခွင်ထဲကနေ
တွန်းထွက်မိသည်..။

" ယားတယ်လား.."

" ယားတာပေါ့..ခင်ဗျားရောမယားလို့လား.."

အဲ့လိုပြောလိုက်တော့မှ ထိုလူသည် ပိုလို့တောင်
ကလိထိုးလာသည်..။ ကုတင်ပေါ်ကနေထပြီး
အခန်းထဲပတ်ပြေးတော့ ထိုလူလိုက်ဖမ်းသည်..။
တော်ပါသေးရဲ့ မနေ့ညက အတွင်းခံတော့ပြန်ဝတိ
ထားခဲ့လို့..ဒီလို့ထပြေးနိုင်တာပင်..။

ဘယ်လောက်မှ မကြာဘူး သူသည် ငါ့ကိုပြန်ပြီး
ဖမ်းမိသွားခဲ့ပြီး အပေါ်ကနေ အုပ်မိုးခံလိုက်ရသည်..။

ဘာမှမလုပ်ပဲနဲ့ ထိုလူသည် အကြာကြီး
စိုက်ကြည့်နေတာကြောင့် ငါရှက်လာသလိုတောင်
ခံစားရနေရသည်..။

* ပြွတ်စ်..*

နှုတ်ခမ်းကိုခပ်ဖွဖွလေးအနမ်းပေးလာသည်..။
ပြီးတော့ နှာတံက မှဲ့လေးကို အနမ်းပေးလာတာကြောင့် ငါသူ့ကို အနည်းငယ်ကြောင်သွားပြီး
ကြည့်မိသည်..။

" သဘောကျတယ်.."

" မှဲ့ကိုလား.."

" ချာတိတ်ကိုရော မှဲ့ကိုရောပဲ ချာတိတ်နဲ့ပတ်သတ်တာ အကုန်သဘောကျသည်.."

" စကားတွေတတ်နေတာပဲ.."

" ကိုယ်အဲ့လိုတွေမပြောတတ်ဘူး ချာတိတ်နဲ့မှ
ဖြစ်တည်လာတာ.."

Anything You Want Baby { COMPLETE }Where stories live. Discover now