Part-10

862 133 30
                                    

စစ်သူကြီးက ဒီရက်ပိုင်းအလုပ်တွေများနေတာဖြစ်သည်။ ချစ်ကြည်ရေးယူထားသည့် ယန်တိုင်းပြည်နှင့် ရုတ်တရက်အဝေမတည့်သည့်ကိစ္စဖြစ်လာသည်။ ဒါ့အပြင်ထျန်တိုင်းပြည်ကလည်း လစဉ်ဆက်နေရသည့် ဘဏ္ဍာငွေ နှင့် မင်းသားရှောင်းကျန့်ကို ပြန်လိုချင်တာမို့ စစ်ထိုးရန် ပြင်ဆင်နေသည်။

နှစ်နိုင်ငံမှ စစ်ထိုးခံရမယ်ဆို သူတို့တိုင်းပြည်လွယ်ကူမည့်အခြေနေမှာမရှိပေ။ ထို့ကြောင့်စစ်သူကြီး‌က နေ့စဉ် မင်းသားကြီးနှင့် ဆွေးနွေး လေ့ကျင့်လုပ်ရသည်။ အငယ်ဆုံး မင်းသားငယ်တစ်ယောက်သာ အသက်ငယ်ပြီး ကလေးဆန်ပေမယ့် မင်းသား၅ ယောက်လုံး အရည်ချင်းကိုယ်စီရှိသည်။  စုန့်တိုင်းပြည်၏ အဓိက အားထားရသူကတော့ စုန့်မင်းသားကြီး နှင့် စစ်သူကြီးဝမ်ဖြစ်သည်။

တခြားစစ်သူကြီးတွေလည်း အတိုက်ခိုက်ကောင်းပေမယ့် စစ်သူကြီးဝမ်က စစ်ပရိယာယ်ပါကြွယ်ဝသည်။

ရိပေါ်မနေ့က ရှောင်းကျန့်နှင့်ပတ်သတ်ပြီး ထွက်ရတဲ့ဒေါသက ခုထိ မပြေနိုင်သေးတာမို့ ရဲမက်တွေအပေါ်ဖိအားပေးနေမိသည်။ ရဲမက်တွေလည်း အတော်လေးပင်ပန်းနေတာမို့နားချင်နေပြီဖြစ်သည်။

"လုပ်....လုပ်....ဒီတစ်နေ့လုံး တစ်ညလုံးမနားရဘူး။"

"စစ်သူကြီး.."

"မင်းသားကြီး ဝင်မပါ ပါနဲ့။"

စစ်သူကြီးစိတ်အခြေနေတော်တော်ဆိုးနေတာမို့ မင်းသားကြီးက ဝမ်းနင်အား မေးငေါ့ပြသည်။ ထိုအခါဝမ်းနင်က စစ်သူကြီးနားကပ်ပြီး

"ဒီ ဒီည မင်းသားရှောင်း အိပ်ဆောင်ဝင်ရမယ်လို့ကြားတယ်။"

"တောက်...!"

စစ်သူကြီး လက်ထဲက ဓားကိုအားနဲ့ ပစ်ချလိုက်သည်။ ဝမ်းနင်နှင့် မင်းသားကြီးလည်း တစ်ခြားနေရာသို့တိတ်တိတ်လေးထွက်သွားလေ၏။

_____

ဒီညအိပ်ဆောင်ဝင်ရမယ်တဲ့။ အဲ့ဒီမင်းကြီးမျက်နှာကို မြင်ရင် လည်မျိုကို ထိုးချပြီးအသေသတ်ပစ်ချင်တာ။

ရှောင်းကျန့် ပုလင်းသေးသေးလေးတစ်ခုကိုကိုင်ရင်း ...

အစ်ကိုတော်ပေးလိုက်တဲ့ဆေးပဲ။ ဒီဆေးအကြောင်း စစ်သူကြီးကိုလည်းပြောပြထားတယ်။ ဒီဆေးက သောက်ပြီးရင် အိပ်ပျော်ပြီး ထင်ယောင်ထင်မှားအိမ်မက်တွေမက်တယ်။ အပြင်မှာတစ်ကယ်ကြုံရသလိုပဲ။ ဒါပမယ့် သူ့အိမ်မက်တွေ ရုပ်လုံးပေါ်ဖို့ ကိုယ်ကသူ့ဘေးမှာ နည်းနည်း အားဖြည့်ပေးရင်ပိုကောင်းတယ်။ ဥပမာ အိပ်ပျော်နေသူအနားမှာ အိပ်ပျော်နေသူရဲ့ နာမည်ကို‌တိုးတိုးလေးခေါ်ပေးတာတို့ ပုံပြင်လေးပြောပေးတာတို့ပေါ့။

စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်Where stories live. Discover now