𝑶𝒏𝒆

489 56 6
                                    

29 March 2024 ,
Yangon city , Myanmar .. ..
Police Station ,
11:25 am

ရှလွတ် !! .. .. ရှလွတ် !! .. ..

ခေါက်ဆွဲပြုတ်ကို အသံမြည်လောက်အောင်စားသောက်နေတဲ့ မူယစ်ဆေးဝါးစုံထောက် တေးကဗျာချို ။ မနေ့ကမနက်ပိုင်းကတည်းက လူသေမှုနဲ့ မူးယစ်ဆေးကို စုံစမ်းနေခဲ့ရတာကြောင့် သူတို့အဖွဲ့တစ်ဖွဲ့ ဒီနေ့နေ့လည်အထိ ဘာမှမစားရသေးပါ ။ ဒါ့ကြောင့် တေးကဗျာချိုနဲ့အဖွဲ့သားအားလုံး ခေါက်ဆွဲပြုတ်နဲ့သာ ဗိုက်ဖြည့်နေရသည် ။

အဖွဲ့မှူးမှာ အမျိုးသမီး အထူးတပ်ဖွဲ့ဝင်ဟောင်း အရာရှိ သံစဥ်ချို ဖြစ်သည် ။ သံစဥ်ချိုက တေးကဗျာချိုထက် ၁၁ နှစ်ကြီးသော အစ်မကြီးဖြစ်သည် ။ လက်အောက်ငယ်သားမှာ တေးကဗျာချို အပါအဝင် အသက် ၃၀ ကျော် အမျိုးသားစုံထောက်နှစ်ယောက် ရှိသည် ။ အဖွဲ့ထဲမှာ တေးကဗျာချိုက အငယ်ဆုံး နဲ့ အသွက်ဆုံး ၊ ဖင်အပေါ့ဆုံး ဖြစ်သည် ။ တေးကဗျာရဲ့စုံထောက်သက်တမ်းဟာ လေးနှစ်ခန့်မျှသာရှိသေးသည် ။ သို့ပေတည်း သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေး အရည်အချင်းတွေက ၄ နှစ်ဆိုတဲ့ကာလအတွင်းမှာ သက်တမ်းရင့်စုံထောက်အရာရှိတစ်ဦးလို ဖြစ်နေခဲ့သည်က အမှန် ။ အစ်မဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ တေးကဗျာချိုဟာ အစ်မဖြစ်သူရဲ့ မူးယစ်ဆေးစုံထောက်အလုပ်ကို သဘောကျပြီး ကျောင်းပြီးသည်နှင့် ကူးပြောင်းလာခဲ့ခြင်းပင် ။

တေးကဗျာချိုဟာ အလုပ်အပေါ်အာရုံစိုက်သည်က တခြားလူများနှင့်မတူ ။ ငယ်ရွယ်ပြီးနုပျိုနေပေမယ့် အလှအပကို အာရုံမထားတဲ့ သူက မျက်နှာခရင်မ်လိမ်းဖို့ကိုတောင် အချိန်မပေးချင် ။ အပျင်းထူလို့မဟုတ်ပေမယ့် ဒီအလှအပတရားမှာ အချိန်မကုန်ချင်တာကြောင့်ပဲဖြစ်သည် ။ နဂိုရုပ်ခံရှိပြီးသား တေးကဗျာချိုအတွက်ကတော့ perfume တစ်ချက်နဲ့သာ လုံလောက်နေပါပြီ ။

Shirt အနက်လက်တိုနဲ့ Cargo pant အနက်ကို တွဲဝတ်ထားပြီး ဆံပင်တွေကို မြင့်မြင့်စည်းထားပေမယ့် ခပ်လျော့လျော့ဖြစ်နေသည် ။ ဒါကြောင့် ပလုတ်ပလောင်းနဲ့ စားလက်စကို ခဏရပ်ပြီး ဆံပင်ပြန်စည်းခဲ့၏ ။

" အခုရက်ပိုင်း ခဏခဏ လူသေများနေတာ !! .. .. အားလုံးရဲ့နောက်ဆုံးသေဆုံးခြင်းတွေမှာလည်း မူးယစ်ဆေးဆိုပြီးပဲ အဆုံးသတ်နေကြတာ !! .. .. နောက်တစ်နေ့ကျရင် ဒီသတင်းတွေက လက်စပျောက်သွားကြတာ !! .. .. ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတာပဲ မဟုတ်လား "

𝑻𝒉𝒆 𝑺𝒆𝒄𝒓𝒆𝒕 𝒐𝒇 𝑬𝒗𝒊𝒍 Where stories live. Discover now