(Unicode)
"ဒါ ဘယ်သူ့အိမ်လဲ"
"roadအတွက် အကြိုမွေးနေ့လက်ဆောင်"
အဖြူရောင်ကာလာဆေးသုတ်ထားတဲ့ သုံးထပ်တိုက်လေးက သန့်သန့်ရှင်းရှင်းလေးနဲ့ နေချင်စဖွယ်အတိပင်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး အေးချမ်းသာယာလှ၏
"အခုနေနေတဲ့အိမ် ရှိပြီးသားကို အပိုကုန်အောင်"
"အခုနေနေတဲ့အိမ်က အဖေပေးထားတာလေ မတူဘူး၊ ဒီအိမ်ကမှ ကိုယ်က မင်းအတွက် ဖန်တီးပေးထားတာ၊ ဒီမှာ ဘာပင်လေးတွေလဲ လာကြည့်ပါအုံး"
"ဧကရာဇ်ပင်လေးတွေ"
"အခုမှ စစိုက်ထားတာဆိုတော့ ဘာပင်မှန်းမသိဘူးထင်နေတာ"
"ကိုကို့လို ငတုံးမှမဟုတ်တာ"
"ဘာပြောလိုက်တယ်"
"စတာ စတာ ကိုကို"
"လူကြီးကိုနော် အပြစ်ပေးလိုက်ရ"
"ဘာလဲ ရိုက်ချင်လို့လား"
"ဟင့်အင်း နမ်းချင်တာ"
"ကိုကို......"
"မပြေးနဲ့ မပြေးနဲ့ ချော်လဲမယ်"
အိမ်အသစ်လေးမှာ ရယ်သံတွေနဲ့ ပြည့်နှက်နေခဲ့သည်။
***"road မပျော်ဘူးလား"
"ကျွန်တော့်ဗိုက်က ထွက်နေပြီမို့ လူတွေအများကြီးလာတဲ့ ပွဲမျိုးမလုပ်ချင်ဘူး ကိုယ့်မိသားစုလေးပဲ ဘုန်းကြီးဆွမ်းကပ်အကျဉ်းရုံးလေးပဲ လုပ်စေချင်တာ ဒါမှမဟုတ် မွေးပြီးမှပဲ ဆောင်ကြစို့လေ"
offroadက မင်္ဂလာဆွမ်းကပ်ကိုအကျဉ်းရုံးလေးပဲလုပ်ချင်ပေမဲ့ လူကြီးတွေကတော့ လှပမြိုင်ဆိုင်တဲ့ပွဲလေးဖြစ်အောင်စီစဉ်နေကြသည်၊
"roadကလည်း ဒါက ရှက်စရာကိစ္စမှ မဟုတ်တာ ကလေးလေးတွေရှိတာ ဂုဏ်ယူစရာတောင်ကောင်းတာကို ပြီးတော့ ကိုယ်က ထပ်အချိန်မဆွဲချင်တော့ဘူး ကိုယ်အတိတ်မေ့နေလို့ မင်္ဂလာပွဲကို သုံးလတောင် နောက်ဆုတ်လိုက်ရတယ်လေ"
"ဒါပေမဲ့..."
"ဒါပေမဲ့မလုပ်နဲ့၊ ပြုံးပြပါအုံး သူများတွေများမြင်ရင် ကိုယ်က အတင်းအကြွေးနဲ့သိမ်းပြီး လက်ထပ်ယူထားတယ်ထင်နေအုံးမယ်"

YOU ARE READING
ကိုယ့်အပိုင် (Completed)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်