(Unicode)
"ကွာရှင်းရအောင်"
"road ကိုယ်ရှင်းပြတာ နားထောင်ပါအုံး"
"ဘာကိုနားထောင်ရမှာလဲ ပြောပါအုံး အင်္ကျီက နှုတ်ခမ်းနီရာက ဘယ်သူ့ဆီကလဲ"
"ကိုယ်လည်း မသိဘူး အနွေးထည်က ပူလို့ ဒီနေ့ဝတ်တောင်မဝတ်ဖြစ်ဘူး အခန်းထဲမှာပဲတစ်နေကုန်ထားထားတာကို ဘယ်က ဘယ်လို အဲ့နှုတ်ခမ်းနီရာက ရောက်လာလည်းမသိဘူး"
"ခင်ဗျားတောင်မသိတာ အိမ်မှာပဲနေနေရတဲ့ ကျွန်တော်က အကြားအမြင်ရပြီး သိမလား"
"မတော်တဆ ပေသွားတာပဲဖြစ်မှာပါ ကိုယ့်ကိုမယုံဘူးလား"
"ယုံပါတယ် ဒါပေမဲ့ ကျွန်တော့်ကိုငြီးငွေ့သွားပြီး သူများနောက်ပါသွားမှာ ကြောက်တယ်"
"ကိုယ်ကလေ roadကလွဲပြီး အခြားသူတွေကို မဖြစ်မနေမို့သာစကားပြောနေရတာ၊ မပြောဘဲနဲ့များနေခွင့်ရှိရင် ကိုယ့်ဘက်ကလည်းစကားမပြောချင်သလို တစ်ဖက်လူရဲ့အသံကိုလည်း မကြားချင်ဘူး"
"တော်ပါ လျှာရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့"
"ထိုင်ပြောနေတာပါ"
"ဘာ"
"မဟုတ်ဘူး မဟုတ်ဘူး စိတ်မဆိုးပါနဲ့တော့ ကိုယ့်ကိုယုံပေး နော် ကိုယ်က.."
"ဘေဘေနဲ့ပါးပါး"
"နေနေ နဲ့ နွေးနွေး နိုးပြီလား လာပါအုံး ပါးပါးဆီ"
"ပါးပါး ဘေဘေကို စိတ်ကောက်နေဒါလား"
"မဟုတ်ပါဘူး ဘာလို့လဲ နေနေ"
"ပါးပါးမျက်နှာဂ စိတ်ကောက်နေဒဲ့ ရုပ်မို့"
"အမ်.. ပါးပါးတို့ မန္တလေးက ဘွားဘွားဆီသွားလည်ကြမလား"
"ဘွားဘွားစီလား"
"ဟုတ်တယ်"
"ရက်စ်.. ဂိုးဂိုး"
"ငွေးငွေးရောလား"
"ဟုတ်တာပေါ့ နွေးနွေးရယ် နေနေရယ် ပါးပါးရယ် တူတူသွားကြမယ်"
"ဘေဘေရော"
"နွေးနွေး ဖေဖေက အလုပ်တွေရှိတော့ မအားလို့ မလိုက်ဘူးတဲ့ အခုပဲပါးပါးနဲ့ပြောနေကြတာ၊ ပါးပါးတို့သုံးယောက်ပဲ သွားကြမယ်လေ"

YOU ARE READING
ကိုယ့်အပိုင် (Completed)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်